အခန်း 34

Start from the beginning
                                    

"အဟင့်.."

"ဟောဗျာ..ကလေးလေးလို ဘာလို့ငိုနေရတာတုန်း..မောင်တို့ ခဏပဲ ခွဲနေရမှာလေ..တအားကြီးငိုရင် မကောင်းဘူး..ခေါင်းကိုက်လိမ့်မယ်နော်..မငိုတော့နဲ့"

နှာသီးဖျားလေးတွေရဲ အောင် ရှိုက်ငိုနေသည့် ချမ်းကြောင့် နေ ချမ်း မျက်ရည်စတွေက ထပ်ကာထပ်ကာဖိသုတ်ပေးရင်း ချော့ပြောရသည်။ချမ်း မျက်ရည်တွေကို နေ တကယ်မမြင်ရက်ပေ။

"မောင့်ကို ချစ်တယ်"

ချမ်းက နေ မငိုအောင်ချော့နေသည်မို့ ထပ်မငိုမိအောင် ထိန်းချူပ်ရင်း နေ မျက်နှာကို မော့ကြည့်ကာ ခပ်တိုးတိုးဆိုသည်။ချမ်း စကားကြောင့် နေ့ နှုတ်ခမ်းထက်ပြုံးရိပ်ထင်သည်။နေက  မျက်ရည်စလေးတွေ စိုလူးနေသော ချမ်း မျက်တောင်လေးတွေ အမြတ်တနိုး ဖိကပ်နမ်းရှိုက်ပြီး ချမ်း လက်လေးတွေ သူ့လက်ချောင်းတွေဖြင့် ယှက်ဖြာ ဆုပ်ကိုင်သည်။

"မောင်ကလည်း ဘေဘီ့ကို အသက်တမျှချစ်ရပါတယ်ဗျာ..မောင်တို့ အမြန်ဆုံးအတူနေနိုင်အောင် မောင်ကြိုးစားမှာမို့.. ဘေဘီနဲ့သားလေးက ကျန်းကျန်းမာမာနေပြီး စောင့်နေပေး..."

"အင်း..ချမ်းတို့ စောင့်နေမယ် မောင်"

"အင်း..နောက်ကျနေပြီ...အိပ်ရအောင်တော့နော် ဘေဘီ"

နေ ပြောတော့ ချမ်း ခေါင်းလေးငြိမ့်ကာ မျက်လုံးမှိတ်သည်။ချမ်း ကိုယ်ဝန်ရှိလာစကတည်းက နေက ချမ်းကို အိပ်ရေးဝဝအိပ်စေတာဖြစ်သည်။ညဘက်တွေ အရင်လို တစ်နာရီ၊နှစ်နာရီ အထိ ဖုန်းသုံးခွင့်မရပေ။နေကိုယ်တိုင်လည်း အရင်လိုညနက်သည်အထိ ဂိမ်းမဆော့တော့ဘဲ ချမ်းနဲ့အတူတူ အချိန်မှန်အိပ်ရာဝင်ပေးသည်။

ချမ်း မျက်လုံးပိတ်သွားမှ နေ ချမ်း ကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းကာ အိပ်စက်ရန်ပြင်မိသည်။

<<<<<>>>>>

"ချမ်းလေး...အားဆေး သောက်ပြီးပြီလား"

ဒေါ်မေမီက ခုတင်ပေါ်တွင်ခေါင်းအုံးကိုကျောနောက်ခုမှီကာ ဖုန်းကိုင်ကာကြည့်နေသည့် ချမ်း ဘေးနားလျှောက်လာရင်းမေးသည်။

Falling In Love With My Husband.Where stories live. Discover now