"ကိုကို"
"ကလေးလေးနိုးလာပြီလား"
ကိုကို့အသံသည်ကြည်လင်နေသည်။ ခုဏကကြားခဲ့ရသော အသံနဲ့ နည်းနည်းကွဲနေသည်ဟုခံစားရပါသည်။
"ဖန်ခွက်များကျကွဲသေးလားဟင်"
"ဖန်ခွက်! မကွဲပါဘူးကလေးရဲ့ဘာလို့လဲအသံကြားလို့လား"
ခေါင်းခါပြလိုက်သည်။ အခန်းထဲတွင်လည်း ဖန်ခွက်သို့မဟုတ် ပစ္စည်းတစ်ခုခုကျကွဲထားသည့်ခြေရာလက်ရာမျိုးမရှိပါချေ။
"အိပ်မက်နေမှာပါ"
"လာပါအုံးကိုယ့်ဆီ မျက်နှာလည်းမလန်းပါလားနေမကောင်းဘူးလားမှန်းစမ်း"
ကိုကို့ပေါင်ပေါ်တက်ထိုင်လိုက်တော့'မျက်နှာကိုသေချာကြည့်လာပြီး နဖူးကိုအပူချိန်လာစမ်းသည်။ တကယ်ပဲကိုကိုမဟုတ်ဘူးလား။ ဒါဆိုသူဘယ်ကအသံတွေကိုကြားလိုက်တာလဲ။ အိပ်မက်လား... မဖြစ်နိုင်တာ! သူနိုးတာကြာနေပြီလေ။
"ဘာတွေတွေးနေလို့ကိုယ်ပြောတာမကြားရတာလဲဟင်ပြောပါအုံး"
ကိုကိုကအဆိုးလေးရဲ့ မေးလေးကိုကိုင်ပြီးညင်သာစွာမေးနေသည်။
"ကိုကိုဘာပြောလိုက်တာလဲ"
"မျက်နှာရောသစ်ခဲ့ရဲ့လားလို့"
ထိုအခါမှသတိရသည်။ သူမျက်နှာမသစ်ရသေးဘူး ။ ကိုကိုနဲ့ကောင်လေးတစ်ယောက်လို့ သူသတ်မှတ်လိုက်တဲ့အသံကြောင့် ကမန်းကတန်းထလာခဲ့တာ မူးနေတာတွေ ပျောက်သွားသလို ဖိနပ်လည်းပါမလာခဲ့ဘူး။
"ကိုကိုမှမရှိတာ"
အသံသည်ခါတိုင်းနဲ့မတူဘဲ ပျော့ပျောင်းနေသည်။ ဘာမှန်းမသိတဲ့ ကိစ္စတွေဖြစ်ပျက်နေတာကြောင့် အားငယ်နေတာလည်းပါသည်။ အဆိုးလေးအားကိုးတာ ကိုကိုတစ်ယောက်တည်းမို့ ကပ်ချွဲလေးလုပ်မိသွားတာကလည်း အဆန်းတော့ဖြစ်နေမယ်မထင်ဘူး။
"ဟောဗျာကိုကိုမရှိတာနဲ့မျက်နှာမသစ်တော့ဘူးတဲ့လား ကိုကိုအလုပ်မအားရင်ဘယ်လိုလုပ်ကြမလဲ"
"အဲ့တော့မသစ်တော့ဘူးပေါ့"
"ညစ်ပတ်လေး မျက်နှာသွားသစ်ကြမယ်လာ"