Chapter 24

8.6K 373 7
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 24

"Morning နိုးပြီးလား"

Mine ဒီတစ်ပတ်အတွင်းအမှုအတွက်သက်သေရှာဖို့ရာ ရုံးချိန်းကနောက်တစ်ပတ်မှမို့ သက်သေထွက်ပြီးမရှာခင် ချစ်ဇနီးလေးအတွက် မနက်စာပြင်ထားတာကို စားပွဲပေါ်ချနေခိုက် ပေါင်လည်ထိရှည်တဲ့ Hoddies coffee ရောင်လေးကိုဝတ်ကာ ဝင်လာတဲ့သူမလေးကြောင့် နှုတ်ဆက်လိုက်တော့......

"အင်း မနက်စာကဒါလား"

သူပြင်ထားတဲ့ ပါစတာ နဲ့ ဝက်သားကိုအကြွတ်ကျော်အပြင် သူမစာစနေကြ ဘီစကစ်နဲ့ ပဲနို့ဘူးပါအဆင့်သင့်ချထားပေးသည်။သူများတွေအိမ်ထောင်ရေးဘယ်လိုလည်းမသိပင်မဲ့ အိမ်ရှင်မနဲ့ပက်သက်တာအကုန်မလုပ်ရတဲ့သူမအဖို့က အပျိူတုန်းကလိုပင်။

"ပါစတာကကိုယ်ကြိုက်တယ်လေ တော်တော်အရသာကောင်းအောင် ချက်တက်တာကလည်း ဒါပဲရှိတာ ဘီစကစ်ကကိုယ်တိုင်လုပ်ထားတာ chocolate နဲ့"

ပါစတာကိုမစားခင် သူပြင်ပေးထာဘီစကစ်ကိုယူစားလိုက်တော့ ချောကလက်အရသာခါးသပ်သပ်လေးမို့ အချိူသိပ်မကြိုက်တဲ့သူမအတွက်အနေတော်ပင်။

"ဘီစကစ်ကျွန်မကြိုက်တယ်"

"ပူတူးကြိုက်ဖို့ပဲလိုတာ ကိုယ်ကျေနပ်ပြီ"

"ဒါနဲ့ ရှင်ဒီနေ့ဆေးရုံသွားဦးမှာလား"

သူမကဆေးရုံအကြောင်းပြောမှ သူဆေးရုံသွားဖို့ဆီကို အတွေးပြန်ရောက်လာသည်။အဓိကကသက်သေရှာဖို့ပင်။ဒီအမှုရဲ့အဓိကသက်သေကဘာလဲဆိုတာသူတွေးမရဖြစ်နေကာ ဆေးလောကနဲ့ပက်သက်တဲ့အမှုကဒါပထမဆုံးပင်။

"ကိုယ်သက်သေအတွက်သွားဖို့အတွက် ရှာရမှာကို စဥ်းစားနေတာ"

"ရှင် ဟိုတစ်နေ့ကသွားတာ ဆေးထိုးအပ်မတွေ့ဘူးလား"

သူမပြောလိုက်တဲ့စကားက သူတွေးမရတဲ့သက်သေပင်။လူခန္တာကိုယ်ထဲအဲ့ဆေးရောက်ဖို့ဆို ဆေးထိုအပ်နဲ့မှရမှာပေါ့။အဲ့ဆေးထိုအပ်ရဲ့လက်ပွေယာကို စစ်ပြီးပူတူးလက်ပွေယာနဲ့မတူရင် သူရဲ့ပူတူး အမှုကနေလွတ်ရင် ကျန်တာကဘယ်သူဘာပဲဖြစ်ဖြစ်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤حيث تعيش القصص. اكتشف الآن