Chapter 23

7.9K 396 9
                                    

👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 23

ပထဆုံးသူမအမှုနဲ့ပက်သက်သည့်ရုံးချိန်းကမနက်ဖြန်ဆိုစတော့မှာမို့ Mine တရားရုံးရောက်တဲ့အခါတစ်ဖက်က မေးလာမဲ့မေးခွန်းတွေကို တွေးပြီး သူမကို လေ့ကျင့်ပေးနေမိသည်။သူနဲ့သူမ အခန်းထဲကဆိုဖာမှာမျက်နာချင်းဆိုင်းထိုင်လျက်.......

"မနက်ဖြန်ကြရင် တရားသူကြီးထက် အရင်တစ်ဖက်က ရှေ့နေမေးလောက်မှာတွေကိုယ်ပြောပြမယ်"

သူမကို တရားရုံးကနေအမှုရင်ဆိုင်ရမဲ့နေ့ကို စာကျလာတယ်ဆို သူကအမှုရင်ဆိုင်တဲ့အခါသူမအတွက် အခက်အခဲဖြစ်နေမှာဆိုးလို တရားရုံးမှာဖြစ်မဲ့အခြေအနေကို သိတဲ့သူမို့ သူမကိုစကားဘယ်လိုပြောရမယ်ဆိုတာကအစသင်ပေးသည်။

"လူနာကို ခွဲစိတ်ပြီးတယ်ဆို မင်းကချက်ခြင်းထွက်သွားတာလား"

"ဟင်"

Mine ကြိုမပြောမိပဲ မေးခွန်းတန်းမေးလိုက်တယ်ဆိုကြောင်သွားတဲ့ သူမိန်းကလေးကြောင့်....

"အခုကိုယ့်ကို တစ်ဖက်ရင်ဆိုင်ရမဲ့ရှေ့နေလို့သဘောထားပြီးဖြေ ဘာလို့ဆို မနက်ပူတူးကိုမေးမှာ ဒါတွေသေကြာပေါက်ပါလို့ ကြောက်စရာမလိုဘူးကိုယ်ကမှန်နေတာ ခပ်တင်းတင်းပေါ့...အခုကိုယ်ပြန်စမေးမယ်နော် ကြောက်စိတ်ကိုဖယ်ထား"

ဆိုကာ ခဏကမေးခွန်းကို သူကပြန်မေးလိုက်တဲ့အခါ သူမကိုမေးနေတာသူပဲမို့လို့လား သူမပြန်ဖြေပုံ.....

"ခွဲစိတ်ပြီးချက်ခြင်းထွက်သွားရအောင် ဇာတ်လမ်းတွဲမဟုတ်ဘူး လူနာခန္တာကိုယ်မှာရှိတဲ့သွေးလည်ပတ်ကအစပြန်စစ်ရတယ်... ခွဲစိတ်ပြီးတာနဲ့ မိနစ် 20လောက်လူနာကိုစောင့်ကြည့်ရသေးတယ်"

တရားရုံးကြသူမဒီလိုဖြေနိုင်ပုံဆို သူဆိုးရိမ်စရာတသ်ခုလျော့သွားမှာအသေအချာပင်။တစ်ဖက်က Lucas က cctv vedio ရထားတယ်ဆိုပင် ကိုယ့်မိန်းကလေးကကျူးလွန်ထားတာမဟုတ်တဲ့အတွက်လန့်စရာမဟုတ်ပင်မဲ့ ကိုယ်ဘက်ကပြစရာသက်သေမရှိတော့တာခံရခက်တာအမှန်။

"မင်းပြောသလိုဆို အခုသေဆုံးသူရင်ဘက်ထဲထိုးထည့်သွားတာက မင်းပြန်မထွက်ခင်ပေါ့"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Nơi câu chuyện tồn tại. Hãy khám phá bây giờ