e.p-8 yes, I am18 years old

Start from the beginning
                                    

"ရှောင်းကျန့်ဒါဆိုငါ့တို့မြန်မြန်ပြန်မှဖြစ်မယ်"

လို့ပြောလာတဲ့ကျန်းချန်ရဲ့စကားကြောင့်
ရှောင်းကျန့်ချက်ချင်ပြန်လာခဲ့ရခြင်းဒါ။
ဒီတစ်ခါတော့ ရွေ့ပြောင်းမန္တန်သာအသုံးပြုတာကြောင့်ပိုမြန်မြန်ရောက်ခဲ့သည်။

ရှောင်းကျန့်တို့ပြန်ရောက်တော့ တအိမ်လုံး
သိပ်ဆိတ်နေကာ ဘယ်သူ့အသံမှမကြားတာကြောင့် တစ်ယောင်မျက်နှာတစ်ယောကြည့်ကာသတိထားရန် မျက်လုံးချင်သတိစကားပြောလိုက်သည်။

"Kkအဲ့တာသားသားဟာလို့ ငါရဲ့နံနံပင်လို့"

အသံစူးစူးကြောင့်ရှောင်းကျန့်တို့လန့်သွားရသည်။ထိုအသံကအိမ်နောက်ဖက်စိုက်ခင်းမှအသံဖြစ်သောကြောင့်သွားကြည့်ရန်
နှစ်ယောက်သားထွက်လာခဲ့ကြသည်။

ရှောင်းကျန့်တို့စိုက်ခင်းနားရောက်တော့
Kရယ် kဘေးနားက လူပျိုပေါက်ကောင်လေး
တစ်ယောက်က စူပုပ်ပုပ်နဲ့ထိုင်နေသည်။

"K မင်းဘေးကဘယ်သူလဲ"

ကျန်းချန်ကမေးတော့kကလှည့်လာသလို
ဘေးနားကကောင်လေးကလဲ လည့်ကြည့်လာသည်။

ထိုကောင်လေးကမျက်လုံးဝိုင်းဝိုင်းလေးဖြင့်
ရှောင်းကျန့်ကိုကြည့်ကာထပြေးလာတာမို့
နှစ်ယောက်သာလန့်သွားရသည်။

ထိုကောင်လေးကရှောင်းကျန့်ရဲ့ကိုယ်ပေါ်ကို
တက်ခွကာ

"Gegeပြန်လာပြီး သားကိုကောမှတ်မိလာဟင် သာဝမ်ရိပေါ်လေ"

ရှောင်းကျန့်ဝမ်ရိပေါ်ဖြစ်တယ်ဆိုတာသိ
သည်နှင့်မလွှတ်ချဘဲပြန်လဲပွေ့ဖက်ထားလိုက်သည်။အန္တာရာယ်ကင်းနေတာကိုပဲကျေးဇူးတင်မိပါတယ်။တကယ်ဒီကောင်လေးကို စိတ်ပူမိပါတယ်။အခုတော့သူကို
အမြဲတွယ်ကပ်နေတဲ့ကလေးလေးက
လူပျိုပေါက်လေးအရွယ်တောင်ရောက်နေပြီပဲ။တကယ့်ကိုအရွယ်မရောက်စေချင်သေးပါဘူး။တိုတိုတုတ်တိုတ်လက်တွေအစားရှည်ရှည် သွယ်သွယ်လက်လေး အမြဲလုံးလုံးလေးဖြစ်နေတဲ့ခန္ဓာကိုယ်ကလဲအချိုးအဆကျကာ
ကြည့်ကောင်နေသည်။အရင်တိုင်ကျန်တာဆိုလို့ ပါးဖောင်းဖောင်းလေးတာ။
ဝက်ပေါက်လေးတောင်အရွယ်ရောက်လာပြီပဲ။

 My  Warlock (Completed)Where stories live. Discover now