ပျော်စရာမကောင်းတဲ့မွေးနေ့... Dadနဲ့Momကဒီနေ့မှာမှကွာရှင်းကြတယ်တဲ့ ရယ်ရသားပဲ။မွေးပြီးထဲကမိဘနဲ့အတူမွေးနေ့ကိုမဖြတ်သန်းဖူးဘူး ကြာတော့သူ့မွေးနေ့တောင်သူမေ့လာပြီ။ခုလဲခြံဝမှာteddyနဲ့အတူဒီတိုင်းရပ်နေမိတယ်။ကြည့်ရတာmomထွက်သွားပြီးထဲကအိမ်ပြန်မလာသေးတဲ့Dadကိုစောင့်နေမိတာထင်တယ်။မိုးသာချုပ်သွားတယ်Dadကပြန်မလာဘူး

"သခင်လေး မိုးချုပ်နေပြီးအိမ်ထဲဝင်ရအောင်သခင်ကြီးကဒီညပြန်လာမှာမဟုတ်ဘူး သခင်လေးစောင့်မနေပါနဲ့တော့"

အိမ်တော်ထိန်းကြီးကအနားမှာလာပြီးအိမ်ထဲဝင်ဖို့လာခေါ်နေတယ်။နားညည်းဖို့ကောင်းလိုက်တာ။သူမဝင်မချင်းပွစိပွစိလာလုပ်နေတယ် အဲ့ပူညံလွန်းတဲ့ပါးစပ်ကိုအပ်နဲ့ချုပ်ပစ်လိုက်ရင်ကောင်းမလား

အိမ်တော်ထိန်းချန်ကဘယ်လောက်ခေါ်ခေါ်ခေါင်းမာနေတဲ့ကလေးကိုကြည့်ပြီးစိတ်ရှိလက်ရှိဆွဲဆောင့်ပစ်ချင်နေသည်။ပါးစပ်ကသာရိုရိုသေသေပြောဆိုနေရပေမဲ့ဒီအေးစက်စက်နဲ့ကလေးကိုသူတစ်စက်လေးမှကြည့်မရဘူး။ငယ်ငယ်ကဆိုလစ်ရင်လစ်သလိုဆွဲဆိတ်ဆွဲဆောင့်ပစ်တာ။တော်သေးတာကဒီကလေးကတခြားကလေးတွေလိုတိုင်ပြောခြင်းဘာခြင်းမရှိလို့ပေါ့။

"သခင်လေး အပြင်မှာလေစိမ်းတွေတိုက်နေတယ်အအေးပက်နေပါမယ်"

"........."

"သခင်လေး"

"........"

ဘာမှပြန်မပြောပဲရပ်မြဲတိုင်းရပ်နေတာမလို့ချန်ဟာမျက်နှာကိုမဲ့ရွဲ့ပစ်လိုက်သည်။မဝင်ချင်လဲနေပေါ့ဒီမှာပဲအအေးပက်ပြီးသေသွားလဲမသနားဘူး တာဝန်အရတော့အိမ်ထဲခေါ်ပြီးပြီ ခေါင်းမာနေတာတော့သူ့ထိုက်နဲ့သူ့ကံရှိပလေ့စေ။

အိမ်တော်ထိန်းကအိမ်ထဲပြန်ဝင်သွားသည့်တိုင်ကလေးငယ်ကနေကာကမရွှေ့သေးပေ။ကောင်းကင်ပေါ်ကဝိုင်းစက်နေတဲ့လမင်းကြီးကိုမော့ကြည့်လိုက်တယ်။

"Teddy လမင်းကလှလဲမလှဘူး "

ရင်ခွင်ထဲပိုက်ထားတဲ့အရုပ်ကိုပြောတော့ပြန်ဖြေသံမဲ့နေလေသည်။လူတွေအားလုံးလှပသည်ဟုတင်စားပြောဆိုကြတဲ့လပြည့်ညရဲ့လမင်းကသူ့မျက်စိထဲရုပ်ဆိုးအကျည်းတန်နေသည်။တော်တော်နဲ့ပြန်မလာတဲ့အဖေဖြစ်သူကြောင့်သူလဲတဝှားဝှားသန်းကာအိပ်ငိုက်လာသည်။ထို့ကြောင့်အိမ်ရှေ့ကခုံတန်းလေးမှာဝင်ထိုင်ကာမကြာဘူးခုံတန်းပေါ်မှာပင်အိပ်ပျော်သွားတော့သည်။တိတ်ဆိတ်မှောင်မဲနေတဲ့အခန်းကျယ်ကြီးထဲတစ်ယောက်ထဲအိပ်ရမှာထက်ဒီလိုအပြင်မှာပဲအိပ်ရတာကိုသူပိုပြီးသဘောကျသည်။

Non-vampire Vampire ✔Where stories live. Discover now