"အရှင့်သား ဝတ်ရုံလဲရပါမယ်။ ဒီဝတ်ရုံကိုဝတ်ဆင်ပြီး ကျွန်တော်မျိုးတို့နောက် လမ်းလျှောက်လိုက်ရမှာမို့ နာကျင်မှုကိုတောင့်ခံထားရပါဦးမယ်။ "

"ရ...တယ်...ငါ..သည်းခံနိုင်..​ရော့တယ်"

"ဝတ်ရုံလဲဖို့ ကျွန်တော်မျိုးနဲ့ Land က ကူညီပေးပါရစေအရှင့်သား။"

"..........."

"ဒဏ်ရာအဝက ​သွေးမထွက်တော့ဘူးပဲ"

"ဟုတ်တယ်စစ်သူကြီး အရင်ထွက်ထားတဲ့သွေးတွေကခြောက်သွားတော့ ဒဏ်ရာကိုပိတ်ထားသလိုဖြစ်သွားခဲ့တာ။ ဒါပေမဲ့ လမ်းလျှောက်တဲ့အခါ ပြန်ထွက်လာနိုင်တာမို့ အဝတ်နဲ့တော့စည်းထားရပါမယ်"

ပြောလဲပြော၊ လက်ကလဲမရပ်စတမ်း အဝတ်လဲခြင်းနှင့်ဒဏ်ရာကိုစည်းပေးခြင်းကို ပြုလုပ်ပေးနေသည့် Lord က ပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် Land နှင့်အတူ မြေပြင်ပေါ်သို့ ဒူးထောက်ဝပ်ချကာ မင်းသားအိုင်းဆက်ထံသို့ အရိုအသေပေးလာသည်။

"ဂါရဝပြုပါတယ်အရှင့်သား။ ဘာတွေပဲဖြစ်နေပါစေ ကျွန်တော်မျိုးတို့က အရှင့်သားကိုယုံကြည်ပြီး သက်ဆုံးတိုင်သစ္စာခံသွားမှာပါ။ အရှင့်သားက ကျွန်တော်မျိုးတို့ကို အမြဲစောင့်ရှောက်ပေးပေမယ့် ကျွန်တော်မျိုးတို့ကတော့ အပြည့်အဝ မကာကွယ်ပေးနိုင်လို့​ ​တောင်းပန်ပါတယ်အရှင့်သား"

မင်းသားအိုင်းဆက်ဧ။် ခြေခုံတွေကိုပင် နဖူးနှင့်ထိတိုက်ကာ အရိုအသေပေးနေသည့် Land နှင့် Lord တို့ထံ မင်းသားကငေးကြည့်နေရာက...

"ငါ့..ကြောင့် မင်းတို့တွေ...အခက်တွေ့..ရရော့..မှာ"

"ကျွန်တော်မျိုးတို့ကိုမပူပန်ပါနဲ့။ အသက်ရှင်အောင် ကြိုးစားနေထိုင်မယ်လို့ ကတိပေးခဲ့လှည့်ပါအရှင့်သား။l"

"ကတိ..ပေး..ပါ..တယ်"

"စစ်သူကြီးကိုလဲ ကျွန်​တော်ဂါရဝပြုပါရ​စေ။ ပြန်လည်နိုးထလာကတည်းက ပိုပြီးရင်းနှီးလာခဲ့ရလို့ ကျွန်တော်သိပ်ပျော်တာပါစစ်သူကြီး။ "

"အစစအရာရာ သတိထားပြီးနေခဲ့ပါ Land။ Lord ရောပဲ။ အရှင့်သားကို ငါ့ရဲ့နောက်ဆုံးထွက်သက်ထိ ​စောင့်ရှောက်မှာမို့ မင်းတို့တွေလဲရှင်သန်နေရပါမယ်"

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now