Jiwoongဘက်ကို မြှောက်ကာ ပိုဆောင်းပေးထားရလို့ သူ့ပခုံးပေါ် မိုးရေတွေကျလာပါစေ။ Jiwoongလုံဖို့သည်သာ အဓိက။

...............

" Hyung ရေအရင်ချိုးလိုက်နော်  ကျွန်တော် Hyungဝတ်ဖို့ တော်လောက်မဲ့ အဝတ်တွေ ထုတ်ထားပေးမယ် "

" အင်းပါ "

ဆိုကာ Jiwoongလည်း Matthewပေးထားသည့် သဘက်ကိုယူပြီး အခန်းထဲတွင်ပဲ အပေါ်ကကျောင်းဝတ်စုံတီရှပ်ကို ချွတ်လိုက်သည်။ ရုတ်တစ်ရက်မလို့ Matthewလည်း ရှက်ရမ်းရမ်းမိကာ တစ်ဖက်သို့ လှည့်သွားမိသည်။

ဒါကို သတိထားမိသည့် Jiwoongက Matthewရှက်မှန်းသိ၍ တစ်မင်စချင်သောကြောင့် တစ်ဖက်ကိုလှည့်ထားသည့် Matthew အနားကို တိတ်တိတ်လေး သွားလိုက်သည်။

စက္ကန့်ပိုင်းလောက်ကြာတော့ Jiwoong ရေချိုးခန်းထဲ ဝင်သွားလောက်ပြီထင်ကာ ပြန်လှည့်လာတော့မှ

" အမေ့!! "

ဆိုကာအပေါ်ပိုင်း ဗလာနှင့် Jiwoongကြောင့် ထယောင်မိတော့သည်။ ဒါကို Jiwoongက ဟက်ဟက်ပက်ပက်ရယ်ရင်း

" ဘာတွေအဲ့လောက်တောင် လန့်သွားရတာလဲ Matthewရဲ့ "

" Hyungက အသံလည်းမပေးဘူး "

စနောက်တာ အောင်မြင်သည်ဟုတွေးနေသည့် Jiwoongကတော့ ဘာမှတောင်ပြန်မပြောတော့ဘဲ ရှက်နေသည့် Matthewအား ကြည့်ကာ ရယ်နေလျက်။

" ဘာကို အဲ့လောက်တောင်ရယ်နေတာလဲ သွား ရေသွားချိုးတော့ "

" ဟုတ်ကဲ့ပါဗျာ ကြောက်ပါတယ် "

ရေချိုးခန်းထဲမဝင်ခင်ကို သူ့အားစနေသည့် Jiwoongရယ်ပါ။

အဝတ်ဗီဒိုထဲမှ သူနှင့် ဆိုဒ်မတော်၍ သိမ်းထားရသည့် တီရှပ်အပွအကြီးတစ်ထည်ရယ် အိမ်နေရင်းဘောင်းဘီတစ်ထည်ရယ်ကို ထုတ်ယူလိုက်ပြီး Jiwoongထွက်လာလျှင် အဆင်သင့်လဲလို့ရအောင် ကုတင်ပေါ် လွှားထားပေးလိုက်သည်။

သူ့ကိုယ်သူလည်း မိုးရေအနည်းငယ်စိုထားသည့် အဝတ်တွေကို လဲဝတ်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ ကျနေသည့် Jiwoongအဝတ်တွေရယ်ကို ယူကာ လျှော်စက်ထဲတစ်ခါတည်း ထည့်လျှော်ပေးလိုက်သည်။

Second Chance - Woongtthew (Ongoing)Onde histórias criam vida. Descubra agora