e.p-7 Is he ogre?

Start from the beginning
                                    

"ဘိုးတော် မေးစရာရှိတယ်"

အကြည့်ချင်စစ်တိုက်နေသောနှစ်ကိုမကြည့်ပဲအိမ်ထဲဝင်ရင်ဘိုးတော်ကိုအော်ပြောလိုက်တော့ နှစ်ယောက်တာအကြည့်ချင်စုံနေရာကနေချက်ချင်း နောက်ကလိုက်လာသည်။

"အကြီးအကဲရဲ့အိမ်အထဲ ကလဲအပြင်နဲ့မခြားမနားပါပဲ အပြင်ပုံကအမှိုက်ပုံဆိုရင်အထဲ
စာအုပ်ပုံ ပဲ တကယ်ကို စာဂျပိုလေးပဲ"

"ဘာကွ    မင်းဘာပြောလိုက်တာလဲ"

"နားတောင်မကောင်းတော့ဘူးလားအကြီးအကဲက တော်တော်အိုနေပြီပဲ"

"ငါမအိုသေးဘူး  ငါ့အသက်ကအခုမှ2000ကျော်ပဲရှိသေးတာ "

"ဟုတ်လား  မသိပါဘူး အိုးနေပြီးပဲကို"

"ငါမအို သေးဘူးလို့"

"အိုးပါတယ် နားတောင်ကောင်းကာင်းမကြားတော့တဲ့ဟာကို "

"ငါ့  နားက မိုင်ထောင်ချီးကနေအပ်ကျသံတောင်အရှင်းကြီးကြားရသေးတယ်"

"ဟုတ်လား  ဒါပင်မဲ့ နီးနီးလေးနေတဲ့ကျွန်တော့်အသံကျတော့ မကြားဘူးကော်"

"ငါမကြားလို့ပြန်မေးတာမဟုတ်ဘူး
မင်းကိုနောက်တစ်ခေါက်ထပ်ပြောရင်
ငါ မင်းဖင်ကိုပိတ်ကန်မလို့"

"ဟာဗျာအကြီးအကဲက ရက်စက်လိုက်တာ"

အနောက်ကနေတကျက်ကျက်ရန်ဖြစ်နေတဲ့လူနှစ်ယောက်ကိုလစ်လူရှုကာရှောင်းကျန့်ထိုင်စရာနေရာရှာကာထိုင်စောင့်နေလိုက်သည်။တကယ့်ကိုစာအုပ်ကိုကြိုက်တဲ့လူလို့မပြောရဘူးနေရာတိုင်းစားအုပ်တွေကြီးပဲ။

"ကျန်းချန်မင်းတို့မြန်မြန်လာစမ်းပါ အငြင်းပွားမနေနဲ့တော့"

ရှောင်းကျန့်ခေါ်လိုက်တော့နှစ်ယောက်လုံး
အပြေးလာကာရှောင်းကျန့်ရှေ့ဝင်ထိုင်ကြသည်။
ရှောင်းကျန့်အရှေ့ကနှစ်ယောက်ကိုတစ်ချက်ကြည့်ကာသက်ပြင်းချလိုက်ပြီးဝမ်ရိပေါ်ရဲ့အရွယ်ပြောင်းကာလအကြောင့်ကိုအစအဆုံး
ပြောပြလိုက်သည်။

အကြီးအကဲကမျက်မှောင်ကြုတ်ကာတစ်ခုခုကိုစဥ်းစားနေပြီး ထိုင်နေရာမှချက်ချင်ထရပ်လိုက်တော့ကြောင့်ရှောင်းကျန့်တို့နှစ်ယောက်မှာ ကြောင်သွားရသည်။
အကြီးအကဲက စာအုပ်တစ်အုပ်ကို ရှာနေပြီး
ပါးစပ်မှလဲ
"အဲ့စာအုပ်ကဘယ်မှာလဲနော်"ဟုတတွတ်တွတ်တိုးတိုးလေးရွတ်နေသေးသည်။

 My  Warlock (Completed)Where stories live. Discover now