Chapter 20

9.1K 382 19
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 20

"အားးးး"

သူမ သူ့ရဲ့ပချိူင့်လေးကိုငေးကောင်းနေခိုက် လမ်းတစ်ဖက်ခြမ်းကနေ သူတို့ကားတည့်တည့်ကို သေနတ်နဲ့ချိန်ထားပြီး ပစ်လိုက်တာတွေ့လိုက်တာမို့ အော်လိုက်တယ်ဆို သူမအော်သံကထိန့်လန့်ခြင်းပါနေတာကြောင့် Mine ကလည်း အန္တရာယ်ကိုနားလည်တာမို့ ကားကိုအရှိန်လျော့လိုက်တော့ သူတို့ဘေးကကျော်တက်သွားတဲ့ကား ကိုထိသွားသည်။

ဝူး....

"ပူတူး ခါးပတ်သေချာပတ်ထား !"

လို့သတိပေးကာ တစ်ဖက်ကားကွယ်နေခိုက် ကားကို အရှိန်တင်းမောင်းလိုက်ကာ သူ့ကားနဲ့အမျိူးအစားရောပုံစံရောတူတဲ့နေရာအထိ အရှိန်တင်မောင်းလိုက်သည်။သူကားနဲ့အမျိူးအစားတွေအကုန်တူတဲ့ ကားတွေကြားရောက်တယ်ဆို အရှိန်လျော့လိုက်သည်။သူကို အန္တရာယ်မပေးတာနည်းနည်းကြာသွားတော့ လာတော့မယ်ဆိုတာသူသိလို့ သူ့ကားထုတ်မောင်းလာခြင်း။သူ့ကားကိုမှတ်မိနေရင်တောင် ကျည်ဆံမဖောက်နိုင်တဲ့မှန်မို့ အန္တရာယ်မရှိအောင် ဒီကားယူလာခြင်း။အခုလို အန္တရာယ်ကြားထဲကရှောင်ထွက်လာတာလည်း သူမပါနေလို့သာ မဟုတ်ရင် အဲ့တရားခံသိချင်လွန်းလို့ သူလိုက်မှာသေချာသည်။

"ပူတူး လန့်သွားတာလား Sorry ကိုယ့်ကားကကျည်မဖောက်နိုင်ဘူး စိတ်ကိုလျော့ထားလို့ရတယ်"

"ကျွန်မကို ဘာလို့တိုက်ခိုက်နေကြတာလည်း"

"ပူတူးကို မဟုတ်ဘူးအဲ့တာကိုယ့်ကိုတိုက်ခိုက်နေတာ နောက်တစ်ခါပူတူးကို ကိုယ်နဲ့အပြင်ခေါ်ဖို့စဥ်းစားရတော့မယ်"

Mine သူမအော်လိုက်တယ်ဆိုလူကပူထူသွားရပြီး စိတ်ထဲလည်းသူအန္တရာယ်ဖြစ်မှာထက် သူမထိခိုက်သွားမှာဆိုးတာမို့ သူစိတ်ထဲဘာမှမတွေးတော့ပဲ သူမအန္တရာယ်ကင်းရင်ပြီးရောစိတ်နဲ့သာ လုပ်ချင်ရာလုပ်လိုက်တာ ထိသွားတဲ့ကားအတွက်တော့ သူမတရားမှန်းသိပင်မဲ့လည်း.......

"ရှင်ကိုဘာလို့သတ်ချင်နေရတာလည်း"

"ကိုယ်ကရှေ့နေတစ်ယောက်လေ ပြိုင်ဘက်အမှုသည်တွေဘက်ကနေမှာပေါ့ ဒါပင်မဲ့ဘယ်သူလည်းဆိုတာ ကိုယ်စုံစမ်းမှာပါ အခုတော့မဟုတ်သေးဘူး၊ပူတူးကိစ္စပြီးမှ"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now