မနက်ခင်းအိပ်ယာထစ ဆံပင်ထိုးထိုးထောင်ထောင်နှင့်  မျက်မှောင်တွေကြုံ့သွားလိုက် ခေါင်းတွေခါနေလိုက် သက်ပြင်းတွေချလိုက်နဲ့ ဟန်ယူဂျင်းသည်တစ်ယောက်တည်းချစ်ဖို့ကောင်းနေတော့သည်။

"ထတော့မျက်နှာသွားသစ် အတွေးတွေများမနေနဲ့"

ခေါင်းလေးပုတ်ပြီးပြောတော့ အဆိုးလေးနဲ့မတူပဲနာခံရှာသည်။ လူဆိုးမျက်နှာဖုံးစွပ်ထားတဲ့ချစ်စရာကောင်လေး။

"ကလေးလေးအခုကစပြီးကိုယ်ပြောတာကိုသေချာနားထောင်ပေးမလား"

"လိမ်လိမ်မာမာနေခိုင်းတာကလွဲရင်နားထောင်ပေးမယ်"

"OKOKဆိုးတာကကြိုက်သလောက်ဆိုးလို့ရတယ်တစ်ခုပဲကိုယ်မင်းကိုသိပ်ချစ်တာတော့သိထားပေး"

ဂယူဘင်းသည်ရုံးသွားဖို့အင်္ကျီလဲနေရင်းမှထိုစကားကိုပြောတဲ့အခါ ကုတင်ပေါ်မှာထိုင်နေသော ကောင်လေးသည် အနည်းငယ်ကြောင်အသွားခဲ့သည်။ ညတုန်းကတွဲဖို့ပြောခဲ့တာသူဆိုပေမယ့် မနက်ခင်းမှာချစ်ကြောင်းအတည်ကြီးဝန်ံနေသူက ဂယူဘင်းဖြစ်နေသည်။ ကင်မ်ဂယူဘင်းကတကယ့်အာရုံပဲ။

"ကျွန်တော်ညကမူးလို့လျှောက်ပြောမိတာအတည်ကြီးမှတ်နေရင်တော့ရူးသွားမယ်နော်"

အဆိုးလေးရဲ့မုသားတွေထဲ ဒီမုသားစကားသည်အဆိုးရွားဆုံးဖြစ်ခဲ့ပါသည်။ မာနနဲ့အနိုင်လိုချင်ဇောလေးမှာ နှလုံးသားနုနုလေးကိုယူဂျင်းဝှက်လိုက်သည်။

"တွဲကြမယ်ဟန်ယူဂျင်း မင်းပြန်ချစ်ရင်ဆက်တွဲမယ် မင်းပြန်မချစ်နိုင်ရင်ထွက်သွားချင်တဲ့အချိန်ထိတွဲမယ်"

"ခင်ဗျားကငွေတွင်းမို့ကပ်နေတာဆိုရင်ရောဘယ်လိုဆက်လုပ်မလဲကင်မ်ဂယူဘင်း"

ချောချောလှလှလေးရဲ့နှုတ်ဖျားက ကြမ်းကြမ်းတမ်းတမ်းစကားတွေပဲ ထွက်တတ်သည်။ နှလုံးသားလေးနူးညံ့တာဘယ်သူမှမသိကြဘူး။

"တစ်ဘဝလုံးပုံပေးထားတယ်မင်းကြိုက်ရာသုံး"

"ရှယ်အမ်းတယ်နော်"

"ဒါကတော့ရုပ်ရှိရေလျှံလေ"

"ကျွန်တော်ဖြင့်ငွေဂုဏ်ထံတွေကိုသိပ်ကြောက်တာပဲ"

Please Stop, Don't StopWhere stories live. Discover now