... ဒေါက် ³...

"ဝင်ခဲ့..."

သူမ ခပ်မြန်မြန်ပင် ဥက္ကဠအနား ချဉ်းကပ်ခါ အရိုအသေပေးလိုက်တော့...

"ဒါက ဘယ်လိုဖြစ်တာလဲ.."

ချပေးလာသော စာရွက်ထဲက စာရင်းတစ်ချို့ကြောင့် သူမ ခေါင်းကိုက်သွားရသည်..။

"ဥက္ကဠ ဦး... ဒါက..."

"တော်တော့ expresso တစ်ခွက်သာ ဖျော်လာခဲ့တော့.."

"ဟုတ်ကဲ့ပါ...ဥက္ကဠဦး.."

ခြေလှမ်းတွေကို အရှိန်တင်ခါ ကော်ဖီ ဖျော်ရန်အတွက်ပြင်ဆင်လိုက်လေသည်..။

"ဦးနေမင်းခ..ခင်ဗျား သေဖို့သာပြင်.."

ဦးနေမင်းခ? ဘယ်သူလဲ..ဦးနေမင်းခက ဘယ်သူလဲ..?

လွယ်လွယ်နဲ့ စီးပွားရေးလောကထဲ မျက်နှာမပြသည့် အမျိုးသားတစ်ဦး လုပ်သမျှစီးပွားရေးတိုင်းက အောင်မြင်ကျော်ကြားနေသည်မို့ ဒီနိုင်ငံရဲ့ နံပါတ်၁ prrfect အပြည့် အထူးလူတန်းစားလို့တောင်ပြောရမလား..!

နာမည်ရသာဖြစ်သေးသည့် ကုမ္ပဏီတစ်ခုဖြစ်သော ဟံသာဦးတို့ရဲ့ ဆောက်လုပ်ရေး ကုမ္ပဏီသည် အခြား အပြိုင် ကုမ္ပဏီတစ်ခုရဲ့ အသာအယူစီးမှုကို ခံလိုက်ရသဖြင့် အလွန်ဒေါသထွက်နေလေရဲ့..။ ထိုအခြားဆိုတာကလည်း ဦးနေမင်းခတို့ရဲ့ ကုမ္ပဏီတစ်ခုဖြစ်ကောင်းဖြစ်နိုင်လေသည်...

"ဥက္ကဌ..expresso ..."

စားပွဲခုံတစ်ခု၌ လာရောက်ချထားပေးသော ကော်ဖီခွက်ဆီ ဟံသာဦး အကြည့်ပို့လိုက်မိသည်...

.........

"အင်း...စိတ်ပိန်လိုက်တာ..အဲ့ခွေးမသားကို ငါဘယ်လိုကိုင်တွယ်ရမလဲ..."

ဝှီးချဲကလေးနဲ့ ဆေးရုံအပြင်သို့ထွက်လာသော နွေဦးက ဘာတွေမကြေမနပ်လည်းမသိ..နှုတ်ကလည်း ကရားရေရွတ်..ကိုယ်အားကိုယ်ကိုးနေရသော လက်တွေကလည်း အငြိမ်မနေ ဘီးကို တွန်းနေရတာမို့ ပို၍ စိတ်မကြည်မသာဖြစ်နေပုံ...

ဒုတ်!

"အယ်..."

ကိုယ့်အရှေ့မှာ ခလုတ်တိုက်ခါ ခြေချော်လဲသော ထိုလူရဲ့လက်ထဲ အချိုရည်ဘူးနှင့် ကော်ဘူး ဖြူဖြူကလေးတစ်ခုပါသည်...။

MY Crush Is My Step-FatherWo Geschichten leben. Entdecke jetzt