Austin ကဘာမှမပြောဘဲငြိမ်သက်နေသည်။ မျက်ဝန်းထဲတွင်အတွေးပေါင်းမြောက်များစွာသည်လှိုင်းတွေအဖြစ်ဖြတ်ပြေးနေသည်။ တစ်ခုခုကိုစိုးဖိမ်တကြီးစဥ်းစားနေဟန်ရှိပြီးလက်တို့ကိုအချင်းချင်းကုတ်ဖဲ့နေသည်။

ဆရာဝန်လေးကစာအုပ်အထူတစ်အုပ်ကိုစားပွဲလေးပေါ်မှယူလာရင်း Austin လက်ထဲသို့ထည့်ပေးသည်။
ဒီရက်တွေအတွင်းအဖြစ်အပျက်တွေပါ။ လိုချင်မယ်ထင်လို့ကျွန်တော်ရေးမှတ်ထားလိုက်တယ်။ နာမည်တော့မပေးရသေးဘူး။ ကင်မရာမှတ်တမ်းလည်းရှိပါတယ်လိုချင်ရင်ပေးပါ့မယ်။

ဆရာဝန်လေးကသက်တူရွယ်တူပင်ဖြစ်သည်။ မျက်မှန်တစ်လက်နှင့်ချစ်စရာလေးလည်းမဟုတ်ခန့်ညားတာလည်းမဟုတ်ဘဲတည်တည်ငြိမ်ငြိမ်ကြည့်ကောင်းခြင်းဖြစ်သည်။ Austinကအနက်ရောင်အဖုံးပေါ်မှာအဖြူရောင်မင်နှင့်ရေးထိုးလိုက်သည်။

""Please Stop, Don't Stop""

ဆရာဝန်လေးကအဓိပ္ပာယ်ကိုမမေးခင်မှာပဲAustin ကပြောပြလာသည်။

"ပင်ပန်းလို့ ရပ်တန့်ချင်ပေမယ့်မရပ်တန့်နိုင်ဖြစ်ခဲ့ရတဲ့ကုသမှုလေးပါဒေါက်တာ"

မျက်ဝန်းတို့ကစစတွေ့ချင်းတုန်းကလိုမျိုးဝမ်းနည်းနေဟန်မရှိဘဲကြည်လင်နေသည်။ ငိုထားသဖြင့်မျက်လုံးထဲတွင်ကြယ်ကလေးတွေတောက်ပနေသည်ဟုပင်ထင်ရပါသည်။

အခန်းအတွင်းသို့အရပ်ရှည်ရှည်ချောချောလူတစ်ယောက်ဝင်လာသည်။ ပင်ပန်းနွမ်းနယ်သည့်ပုံပေါ်နေသော်လည်းဒေါက်တာလေးရှေ့တွင်မျက်နှာကိုပိုပိုသာသာညိုးထားသည်ဟုထင်ရပါသည်။

"ဒီညရောဒေါက်တာကဒီမှာအိပ်အုံးမှာလား"

"ဟုတ်"

"လူနာကနိုးနေပြီလေကိုယ့်ကိုပစ်ထားတာဘယ်နှရက်ရှိပြီလဲဟင်ပြောပါအုံး"

ထိုလူကAustin ခန့်မှန်းတာမမှားရင်ဒေါက်တာဟန်ရဲ့အသည်းတစ်ခြမ်း Giant Dell ရဲ့ CEO Kimဖြစ်ရမည်။ ရုတ်တရက်အတိတ်ဘဝရဲ့ခြေရာတွေကိုသတိရသွားပြန်သည်။ ကိုကိုရောဘယ်မှာရှိနေမလဲ။

"ကိုကိုကဗျာကျွန်တော့်VIPလူနာလေပစ်ထားလို့ရပါ့မလားဒီမှာအကုန်ကုသမှုမှတ်တမ်းရေးရအုံးမှာ"

Please Stop, Don't StopМесто, где живут истории. Откройте их для себя