...."ဟေး....ဒီမှာ မင်းပိုက်ဆံအိတ်.."

လူတစ်ယောက်က မျက်နှာတည်ကြီးနှင့် နွေဦးထံ ပိုက်ဆံအိတ်အား ပစ်ပေးလိုက်တော့ နွေဦး အမိအရဖမ်းသည်။

"ပိုက်ဆံ စစ်ကြည့်အုံး.."

နွေဦး ပိုက်ဆံတွေအား အမြန်ရေရသည်..။

"ဟုတ် အကြွေတစ်ရွက်တောင်မလျော့ပါဘူး.."

"....."

စိတ်ချရပြီဟူသော အကြည့်နှင့် မျက်မှောင်တွေစုကြုတ်ထားသော ထိုလူသားဟာ နွေဦးရဲ့ ခြေတုန်ချတုန်ဖြစ်နေသောပုံကိုကြည့်ခါ သက်ပြင်းချရင်း လှည့်ထွက်သွားတော့သည်။

"ကျေး.......ဟင်...ဘယ်ပြောက်....အယ် ထူးစမ်းတဲ့လူဘဲ"

ကျေးဇူးတင်စကားတောင် ဆုံးအောင်နားမထောင်ဘဲ လူအုပ်ကြားထဲ တိုးဝှေ့ပြောက်ကွယ်သွားသော ထိုလူသားသည် နွေဦးအား ပထမဦးဆုံး ကူညီခဲ့ပေးသော လူသားဖြစ်သည်မို့...

"ကျေးဇူးတင်ပါတယ်..."

နာမည်ကိုတော့ မသိလိုက်ပေမဲ့ မျက်နှာကိုတော့ အသေအချာ မှတ်ထားသည်မို့ နောက်တစ်ကြိမ်ပြန်တွေ့လျှင် သေချာပေါက် ကျေးဇူးတင်စကားကို ပြောဖြစ်အောင်ပြောရမည်ဟူ၍ နွေဦး မှတ်ဉာဏ်ထဲ အမိအရမှတ်လိုက်သည်။

နွေရာသီ ကျောင်းပိတ်ပြီး ၁၀တန်းနှစ်ရောက်တော့ နွေဦးအနား အမှတ်မထင်ခဲ့သော လူတစ်ယောက် ယောက်လာခဲ့သည်..။

ထိုသူကား ကျွန်တော့်အား ကယ်တင်ပေးခဲ့သော ကယ်တင်ရှင် ဖြစ်သည့်အပြိုင် တစ်ဆက်တည်းမှာပင် နာကျင်အောင် နည်းမျိုး ပေါင်းစုံနဲ့ နှိပ်ဆက်ခဲ့သူလည်း ဖြစ်ခဲ့ပြန်သည်...။

လူတစ်ယောက်ရဲ့ ပုံစံကို ပုံသေတွက်လို့မရဘူးဆိုတာကို ထိုနေ့က နွေဦး သိရှိရိပ်မိခဲ့ပါသည်...။

..."နွေဦး..."

စိုင်းမင်းမောင်...ဒီတစ်ခါတော့ သူတစ်ယောက်ထဲပါလား... နွေဦး မျက်မှောင်ကြုတ်လိုက်မိသည်..။

"ဘာလဲ... ပိုက်ဆံလား..."

စိုင်းမင်းမောင် မျက်လုံးတွေက ဆောက်တည်ရာမရသည်မို့ နွေဦး ပိုလို့ပင် ရင်ထဲ ထိပ်လန့်နေရသည်...

MY Crush Is My Step-FatherWhere stories live. Discover now