ထို့နောက် ဆရာ့အား ရုံးခန်းမှ စာရေးက လာတွေ့သည်မို့ အတန်းအပေါက်ဝ၌ စကားရပ်ပြောနေကြလေသည်။
ထိုအခါ တစ်ဖန်ထပ်ပေါ်လာသော စာကလေးတွေလို ဆူညံသံက အတန်းထဲ သိသိသာသာ ဝေါခနဲ တစ်လုံးတစ်ထွေးကြီး ထွက်ပေါ်လာပြန်သည်။
"ဟေ့ ဟေ့..."
ဖြောင်း ဖြောင်း
ကြိမ်လုံးနဲ့ ဝှိုက်ဘုတ်အား နှစ်ကြိမ်တိတိရိုက်လိုက်သည်မို့ အားလုံးက တိတ်ဆိတ်သွားပြန်သည်..။
"ကဲ..ကဲ..အားလုံးသိထားရအောင် ဆရာက ပြောစရာရှိတယ်.. ဆရာတို့အတန်းမှာ လူသစ်ရောက်တယ် နွေးနွေးထွေးထွေး ဆက်ဆံပေးကြပါအုံး..ကဲ လူသစ်လေး မတ်တပ်ရပ်ပါအုံး..."
ချက်ချက်းကြီး ထလာသည်မဟုတ်ဘဲ ခဏကြာမှ နောက်ဆုံးအတန်းမှ ထလာသည်မို့....
"အားလုံး သိပြီးသားဖြစ်မှာပါ..ကျွန်တော်က လွန်ခဲ့တဲ့ လေးနှစ်က လူရိုက်မှုနဲ့ ကျောင်းနားခံထားရတဲ့ ဟံသာဦး..."
ဘွင်းဘွင်းကြီး နှုတ်ဆက်ခြင်းခံလိုက်ရသော ကျောင်းသားတိုင်းလိုလိုသည် ပါးစပ်အဟောင်းသားနှင့်ဖြစ်သွားကြပြီး....
ဆရာသည်လည်း ထိုကျောင်းသားရဲ့ နှုတ်ဆက်ပုံကြောင့် အနည်းငယ် လန့်သွားသယောင်ရှိသည်..။"အဟမ်း...ဟုတ်ပြီ...ထိုင် ထိုင်...စကားမများနဲ့ စာအုပ်ထဲ ခက်ဆစ်တွေ ကြည့်တစ်ခေါက် အလွတ်တစ်ခေါက်ချရေး.. ခိုးမချကြနဲ့နော်.."
"မချပါဘူး.."
သို့သော်လည်း အများစုက ခိုးချကြပါသည်..။
နွေးဦးဘေးမှာထိုင်နေသူက အခြားသူမဟုတ် ဟံသာဦးပင်ဖြစ်လေသည်။ အစက သုံးယောက်တန်းမှာ တစ်ယောက်ထဲထိုင်ရသော နွေဦးသည် ယခုတွင်မူတော့ နောက်တစ်ယောက်ထပ်တိုးလာပြီဖြစ်၏။
ပထမဦးဆုံးရက်တွင် ကျွန်တော်တို့ နှစ်ဦးသည် တိတ်ဆိတ်မှုဖြင့်သာ ဖြတ်သမ်းရလေသည်...။ နောက်တစ်ရက်က စလို့ ထိုလူသည် ကျွန်တော့် ဘဝအား စတင်ချယ်လှယ်သူတစ်ယောက် ဖြစ်လာခဲ့တော့သည်..။
ရေစက်ဆိုတာ ဒါမျိုးလား...
ဒါဆိုရင်တောင် ရေစက်ဆိုးဘဲဖြစ်လိမ့်မယ်...
ကျွန်တော်တို့နှစ်ယောက်စလုံးထံတွင် အဆုံးသတ်တူသော နာမည်စာလုံးကလေးတွေ ရှိခဲ့ကြသည်မှာ ဧကန်ပင်...
ep.2
Începe de la început