"မင်းမကြားလိုက်ဘူးလား! ဟမ်!! မင်းနဲ့အခုမှတွေ့လို့တစ်ဝိုင်းတည်းထိုင်မိတာ မင်းမိန်းမကငါ့ကိုဘယ်လိုပြောလိုက်တာလဲမင်းမကြားဘူးလား!"
"ငါသူ့အစားတောင်းပန်တယ်ယူဂျင်း ဟုတ်ပြီလား"
"မတောင်းပန်နဲ့! ရှင်ကဘာလို့တောင်းပန်ရတာလဲ ကျွန်မကိုတောင်သူကပြန်ပြီးတောင်းပန်ရမှာလေ..ရှင်ဘာလို့တစ်ခုမှမပြောနိုင်ရတာလဲ"
လဲကျနေသောကောင်မလေးသည် သွေးသံရဲရဲကြားမှပင် ရန်ထောင်ခြင်းအမှုကို ပြုနိုင်သေးသည်။
"ဟက်! ဘာလို့ဆိုငါ့ဘက်ကမှန်နေတာမို့လို့လေ"
သရော်ပြုံး လှောင်ပြုံးတွေ ပြုံးနေတာတောင် မိမိုက်မှုတွေက ကျဆင်းမသွားဘူး။ ကြယ်သီးနှစ်လုံးဖြုတ်ထားတဲ့ ရင်ဘတ်ထင်းထင်းမှာ သွေးစတစ်ချို့ကပ်ညှိနေတာကလည်း ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေသည်။
"အောင်မာ!ငါ့ယောက်ျားဆီကချူစားနေတဲ့ပိုင်းလုံးကများ"
မိန်းကလေးရဲ့ပြန်ပြောတဲ့စကားမှာ ထိုကောင်လေးရဲ့မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားပြီး လက်ထဲကပုလင်းကို ထိုမိန်းကလေးဆီ အားကုန်လွှဲချလိုက်သော်လည်း အင်အားပြင်းသော လက်တစ်စုံ၏ ဖမ်းကိုင်ခြင်းကိုခံလိုက်ရသည်။
"ကျစ်! ဘာလဲဒီတစ်ယောက်ကရော"
မျက်ဝန်းအိမ်ရဲ့တစ်စွန်းတစ်စသည် နီရဲနေသလိုမျက်နှာတစ်ပြင်လုံးကလည်း ဒေါသအရှိန်ကြောင့် နီရဲနေသည်။ သွေးအေးနေသောအကြည့်တွေနဲ့ ထိုကောင်လေး အသက်ရှူနေသလား ရပ်နေသလားပင် ခွဲခြား၍မရအောင်ဖြစ်နေကာ အံကိုလည်းတင်းတင်းကြိတ်ထားသောကြောင့် လည်ပင်းကြောများပင်ထောင်နေသည်။
"ဒီဘက်ကပြန်လိုက်ပါတော့မဟုတ်ရင်ပြဿနာတွေကြီးလာတော့မယ်"
ဂယူပြောလိုက်သောအခါမှ အသိဝင်လာသော ကောင်လေးသည် သူ့မိန်းမဆိုသူအား ပွေ့ချီပြီး ဘားအပြင်ကိုထွက်သွားတော့သည်။
"ကျစ်!လွတ်သွားပြီလေကွာ ဒီမှာစူပါဟီးရိုးဝင်လုပ်တဲ့အစ်ကိုကြီးခင်ဗျားအရိုက်ခံမှာလားပြော!"
💙6💙Sub-1
Start from the beginning