''လင်းထက်နဲ့စျေးခဏပတ်လိုက်အုံးမယ်၊
ခဏလေးပါ...ပြီးတိုင်ကျဖျာချထားတဲ့နေရာဆီလာခဲ့မယ်လေ၊ရောင်နီဘာလုပ်နေတာလဲ လာလေ"

ချမ်းမြေ့ပြန်မပြောခင် ကြောင်အနေသည့်ရောင်နီ့ကိုတစ်ဖက်၊
လင်းထက်ကိုတစ်ဖက်ဆွဲကာ ခပ်သုတ်သုတ်ကလေး
လျှောက်လှမ်းမိသည်။

''အစ်မနော် အနေအထိုင်ဆင်ခြင်"

''ဟဲ့ ငါဘာလုပ်နေလို့လဲ"

''ဘာမှမလုပ်လို့ပြောနေတာ"

လူကြီးတွေစကားကိုနားမလည်သည့်ကြည်နူးမှာ
လက်ထဲကိုင်ထားသည့်အရုပ်သေနတ်ကိုသာ
လေထဲပစ်ခွင်းလိုက်တော့သည်။

........................

''ထိုင်မယ်နော်"

ရှင်းမြတ်ပြန်လာတော့ တစ်ယောက်တည်းမဟုတ်။
ရောင်နီပါကပ်ပါလာလေသည်။
ချမ်းမြေ့မှာ အလိုမကျသော်လည်းမိခင်ဖြစ်သူက
ထိုင်ပါဆိုပြီးဖိတ်ခေါ်နေသည်မို့ သူ့မှာငြိမ်ကုပ်နေလိုက်ရသည်။

''ဟေ့လူ ဒီဘက်လာထိုင်"

နံဘေးနားကနေရာလွတ်ကိုပုတ်ကာပြောနေသော
ချမ်းမြေ့ကို ပျော်ရွှင်နံဘေးကပ်ထိုင်ရန်ပြင်နေတဲ့
ရောင်နီကကြောင်အမ်းစွာကြည့်နေမိသည်။
နေရာလွတ်မှာထိုင်ရန်ပြင်နေသည့်ရှင်းမြတ်မှာလည်း
ကြောင်အအနှင့်ပင်။

''ဒါဆိုငါက ဘယ်နားသွားထိုင်ရမှာလဲ ချမ်းမြေ့"

''ကိုကိုက ဒီမှာလာထိုင်"

တင်ပျဥ်ခွေထိုင်ချထားသည့် သူ့ပေါင်ထက်သို့
လက်ပုတ်ပြနေသည့်ချမ်းမြေ့ပုံစံက စနောက်နေဟန်မဟုတ်။
အစ်မကိုနှမြောလွန်ပြီး ပတ်ဝန်းကျင်ကိုပင်
ဂရုမစိုက်နိုင်တော့သည့်ချမ်းမြေ့ကြောင့်
ရှင်းမြတ်မှာ တစ်ဖက်သို့မျက်နှာလွှဲကာရယ်မိသည်။

''ဘာတွေဘူနေတာလဲ ချမ်းမြေ့၊
ကိုရောင်နီ ပျော်ရွှင့်ဘေးနားသာကပ်ထိုင်လိုက်"

''မမ"

''ပွဲစတော့မယ်လေ သားငယ်"

မိခင်ဖြစ်သူပါဝင်ပြောလာပြီမို့ ချမ်းမြေ့မျက်နှာက
မှုန်ကုတ်ကုတ်နှင့်လက်ခံလိုက်ရသည်။နေရာရသွားကာမှ
ရောင်နီ့မှာပျော်ရွှင့်နံဘေးခပ်ကုတ်ကုတ်ကလေး
ဝင်ထိုင်ရသည်။မတော်ရသေးသည့်ရွှေယောက်ဖကြီး
ငြိုငြင်သွားမှာကိုတော့ သူမလိုလား။

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now