" ဒါဆို ကိုကိုတို့သွားကြတာပေါ့ "

" ဟုတ်ကိုကို "

ကလေးလေးနဲ့ အတူတူ ဒီလိုမျိုး မရောက်ဖြစ်တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ၊ ဘယ်နေ့က သူတို့ ဟန်မြစ်ကိုနောက်ဆုံးလာဖြစ်ခဲ့သည်လဲ၊ ရေရေရာရာမမှတ်မိပေမယ့် ဒီနေ့ကတော့ သူတို့အတွက် နောက်ဆုံးအကြိမ် ဟန်မြစ်ကို အတူ တူ လာခြင်းဖြစ်ပါလိမ့်မည်၊

ညအမှောင်ထုကိုအားပြု၍ လမင်းကြီးက အစွမ်း ကုန် ‌လင်းလက်နေလေသည်၊ တစ်ချက်တစ်ချက် တိုက်ခတ်လာတဲ့ လေပြေလေအေးလေးများက သူ့ရင်ထဲကအပူတွေကို တစ်ခါတည်း သယ်ယူသွားခဲ့ရင် ကောင်းမည်၊ လက်ထဲတွင်ကိုင်ထားသော မက်ဂျူက ပူလောင်မှုကို ပိုတိုးလာစေရန် အားပေးနေဟန်၊ ကလေးလေးကတော့ သူ့အနားမှာ ငြိမ်သက်စွာ ထိုင်နေခဲ့သည်၊

" တကယ်လို့ ကိုယ်တို့သာ ဒီလိုမျိုးအဖြစ်အပျက်
တွေ မကြုံတွေ့ခဲ့ရဘူးဆိုရင် "

" ဟင် "

" ဒီလိုမျိုး ကိုယ်တို့ရဲ့ဆက်ဆံရေးကလည်း အေးစက် မသွားလောက်ဘူးမလား "

ပြန်မဖြေပါ ကလေးလေးဟာ သူ့ရဲ့မေးခွန်းမမည်‌
သောစကားတို့ကို တုန့်ပြန်ခဲ့ခြင်းမရှိပါ၊

" Jongwoo ya ကိုယ်မင်းကို ချစ်ခဲ့တာ "

" ကိုယ်မင်းကိုလေ အများကြီး သဘောကျခဲ့တာ "

" မင်းက ကိုယ်ပိုင်ဆိုင်ချင်တဲ့ ပထမဆုံးသောသူပဲ "

" ကိုယ်မင်းကိုလေ ကိုယ့်အသက်ထက် ပိုချစ်တာ မင်းသိလား "

တိတ်ဆိတ်နေခဲ့သော ကလေးလေးဆီမှ ထွက်လာသော ခပ်သဲ့သဲ့စကားသံက သူ့ရင်ကိုနာကျင်စေသည်၊

" တောင်းပန်ပါတယ် ကိုကို "

မတောင်းပန်ပါနဲ့ မင်းမမှားဘူး ကိုယ့်ကလေးလေး မမှားခဲ့ပါဘူး ကိုယ်ကပဲမှားခဲ့တာ၊ ကိုယ်အသုံးမကျခဲ့တာ၊ ကိုယ်ကပဲ အသိဉာဏ်မရှိခဲ့တာ ကိုယ်အသုံးမကျခဲ့လို့ အခုလိုမျိုး ကိုယ်တို့ ကြုံ တွေ့ရတာ အရာအားလုံးဟာ ကိုယ့်ကြောင့်ပါ ကလေးငယ်ရယ်၊

MIDNIGHT Όπου ζουν οι ιστορίες. Ανακάλυψε τώρα