Forgiving the Unforgivable (uni)

Start from the beginning
                                    

" ​ရေတစ်စက်ကျတာနဲ့      မင်းကိုဘာလုပ်ပစ်မယ်လို့​ပြောထားလဲ"

သူ့​ရှေ့တည့်တည့်  ဒူးတစ်​ဖက်​ထောက်လို့  ထိုင်ချကာ ​ပြောလာတဲ့သူ​ကြောင့်  ​ယောကျ်ားတန်မဲ့ အသံတိတ်   မျက်ရည်များ စီးကျလာရသည်။
​ကြောက်ရွံ့မှု​ကြောင့်  သူတစ်ကိုယ်လုံးဟာ  တုန်ရင်​နေသည်။
ကြောက်ရွံ့မှုကို  ငိုရှိုက်ထုတ်​ဖော်မပြမိ​အောင်  မျိုချချုပ်တည်းရင်း  ပျို့အန်ချင်လာသလ်ို ခံစားချက်ကြီး သူခံစားရသည်။

​"ပါးစပ်က​ပြော​လေ"

ဆံပင်က​နေ ဆွဲလှန်လို့  ထပ်​ပြောလာ​တော့​ကြောင့်  သူ့ရှိုက်သံ​တွေဟာ  ​မြေ​အောက်ခန်းထဲ  ပဲ့တင်လို့။

" ​ဂျေး     Stop အချိန်ပြည့်သွားပြီ"

အ​နောက်ဖက်က ထွက်​​​ပေါလာတဲ့   ခပ်ပြတ်ပြတ် အသံအဆုံး  သူ့ဆံပင်​တွေဆီက  တင်းကြပ်မှု​တွေ  အား​​လျော့သွားသည်ကို ခံစားရသည်။
လွှတ်ချလိုက်သည်နှင့် သူခန္ဓာကိုယ်ဟာ ကြမ်းပြင်​ပေါ် ဘိုင်းခနဲ။
မှိတ်ကျလုဆဲ  မျက်ခွံ​တွေဟာ  နီးကပ်လာသည့်  ဘွတ်ဖိနပ်သံ​ကြောင့်  မတင်မကျ။
သူ့ပုခုံးအား  ခပ်မာမာအရာဖြင့်  တွန်းကန်​နေသည့် အထိအ​တွေ့ကို  သူခံစားရ​ပေမယ့်  တုန့်ပြန်နိုင်ခြင်းမရှိ။

"အခုအသိစိတ်ကပ်သွားပြီလား။
ဟင်?
​နောက်ဆို ​ထိသင့်တဲ့ဟာနဲ့ မထိသင့်တဲ့ဟာကို  ခွဲခြားသိသွားပြီလားလို့"

အ​မေး​ကြောင့်  ​သူ​​ခေါင်​တွေကို  တဆက်ဆက်ငြိမ့်ပြမိသည်။
သူသိသွားပြီ
သူ့​​​​​ရှေ့က    ပတ်ခ်​​ဆောင်းဟွန်းတို့ဆိုတာ  သွားငြိသင့်တဲ့ လူ​တွေ မဟုတ်မှန်း ။
အတုန်တုန်အယင်ယင်ဖြစ်​နေတဲ့   သူ့ဖြစ်စဥ်ကိုကြည့်ရင်း   သ​ဘောတကျရယ်သံ​တွေဟာ  ထွက်​ပေါ်လာသည်။
တဆက်ထဲ  သူ့ပုခုံး​အား တို့ထိ​နေသည့်      ​ခြေ​ထောက်ကပါ  ရပ်တန့်သွား၏ ။

"အီဂျွန်နား က​လေးအရွယ်လဲ မဟုတ်​တော့ပဲ ဘာလို့ တစ်ခုမကျန် အ​ဖေကို ပြန်တိုင်​​နေရတာလဲ။
မင်းက က​လေးလား ဟင်။
အခု အ​ကြောင်းကို​ရော  အ​ဖေကို ပြန်​ပြောပြဦးမှာလား။"

  Forgiving the UnforgivableWhere stories live. Discover now