"ကိုကိုကျွန်တော်ဘာဖြစ်သွားပြန်တာလဲ"
မေ့မြောနေသူသည် ရုတ်တရက်ကြီး ကောက်ခါငင်ကာထထိုင်လာရင်း ဖြစ်ပျက်သွားသော ကိစ္စရပ်အား အလန့်တကြားမေးလာပြန်သည်။
"နေလို့ထိုင်လို့သက်သာရဲ့လားကလေးလေး"
"အင်းဘာမှမဖြစ်ပါဘူးအကောင်းအတိုင်းပဲ"
"ကိုယ့်ကိုဖုံးကွယ်ထားတာတော့မရှိဘူးမဟုတ်လား"
"ဘာကိုဖုံးကွယ်...အာ...သိသွားပြီလား"
ပြောရင်း အဆိုးလေးရဲ့မျက်နှာကလေးသည်ချက်ချင်းငြိုးကျသွားပြီး လက်တွေကိုအချင်းချင်းကုတ်ဖဲ့နေသည်။ ထို့နောက်သခင်လေးကို မရဲတရဲကြည့်၍ ပြောလာသည်က...
"ကလေးဟိုနေ့ကဖဲစမ်းရိုက်ကြည့်တာရှုံးသွားတာနဲ့ရောင်းလိုက်မိတာ...တောင်းပန်ပါတယ်ကိုကိုရယ်...ကလေးနောက်တော့ပြန်ဝယ်ပေးပါ့မယ်"
"နေ..နေပါအုံးဘာကိုရောင်းလိုက်တာလဲ"
ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်စွန်းတစ်စသိရမလားလို့ ရင်မောနေရသော သခင်လေးသည် ရုတ်တရက်ကြီး ဖဲရှုံးကြောင်းဝန်ခံလာတဲ့ အဆိုးလေးကိုကြည့်ပြီး စက္ကန့်ပိုင်းမျှ မှင်သက်သွားရသည်..။
"မြို့ပြင်ကအိမ်လေ...ကိုကိုအဲ့တာသိသွားတာမဟုတ်ဘူးလား"
သခင်လေးကခေါင်းခါပြတဲ့အခါ အဆိုးလေးရဲ့မျက်လုံးလေးတွေဝိုင်းစက်သွားပြီး တစ်ဆက်တည်းမှာပဲ ""သွားပြီ"" ဆိုသောရေရွတ်သံကိုကြားလိုက်ရသည်။
"အာ့!!"
ဆေးသွင်းထားသော ပိုက်တွေကိုဖြုတ်ပြီး ပြေးဖို့ကြံစည်နေသော အဆိုးလေးရဲ့တစ်ခြားလက်တစ်ဖက်သည် ပုတ်ချခြင်းခံလိုက်ရသည်။
"ငြိမ်ငြိမ်နေ! မဆူဘူး"
သခင်လေးကအသံကိုမြင့်ပြီးပြောလိုက်တဲ့အခါ စူစူပုတ်ပုတ်ရုပ်ကလေးဖြစ်သွားသည်။ အဆိုးလေးကအသားနာတာမကြိုက်ဘူး...။ အဆူခံရတာမကြိုက်ဘူး...။ မှားတယ်လို့ပြောရင်လည်း မကြိုက်ဘူး...။
သူကြိုက်တာဆိုလို့သခင်လေးကင်မ်ဂယူဘင်းဆိုတဲ့ သက်ရှိလူသားတစ်ဦးတည်း...။