“ဂျူနီယာ မင်း ရူးနေတာလား”

ခေါင်းဆောင် အဖိုးကြီးရဲ့ အမြင်မှာတော့ ယန်ချီက တကယ်ကို ရူးနေတာပါ။ အဲ့ဒီလိုမှသာ မဟုတ်ရင်တော့ ဒီလို စကားကို ပြောဖို့ မဖြစ်နိုင်ပါဘူး။

“ငါက ရူးနေတာနဲ့ တူတယ်လို့ မင်းထင်နေတာလား” ယန်ချီက ခေါင်းဆောင် အဖိုးကြီးကို မျက်လုံးမှေးကြည့်ပြီး ပြောလိုက်တယ်။

ယန်ချီရဲ့ မျက်နှာပေါ်က အမူအယာကို ကြည့်ပြီး ခေါင်းဆောင် အဖိုးကြီးက မျက်မှောင်ကြုတ်လိုက်မိတယ်။

“မင်း သေချင်နေတယ်လို့ ငါထင်တယ်”

စကားသံ ဆုံးသွားတဲ့အခါ ခေါင်းဆောင် အဖိုးကြီးက ယန်ချီကို လက်သီးနဲ့ ပြင်းထန်စွာ တိုက်ခိုက်လိုက်တယ်။

ခေါင်းဆောင် အဖိုးကြီးရဲ့ လက်သီးဆီကနေ ကြောက်မက်ဖွယ်ရာ စိတ်ဝိဉာဉ်စွမ်းအားတွေ ထွက်ပေါ်လာခဲ့တယ်။

ယန်ချီရဲ့ မျက်နှာအမူအယာကတော့ ရေပြင်အလား တည်ငြိမ်နေဆဲပါ။

အဖိုးကြီးက အဆင့် ၇၃ စိတ်ဝိဉာဉ်သူတော်စင်အဆင့်ပဲ ရှိသေးတာဆိုတော့ သူ့အရှေ့မှာ တကယ်ကို အားနည်းလွန်းပါတယ်။

ကြောက်မက်ဖွယ်ရာ စိတ်ဝိဉာဉ်စွမ်းအားက ယန်ချီရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့တယ်။

ဒါပေမယ့်လည်း ယန်ချီက ရှောင်တိမ်းခြင်း မပြုသလို ခုခံခြင်းလည်း မပြုတာကိုတော့ လူတိုင်း မထင်လိုက်ကြပါဘူး။

သူတို့အားလုံးက ယန်ချီမှာ အစွမ်းအချို့ရှိတဲ့အတွက် မောက်မာနေတယ်လို့ မြင်နေခဲ့ကြတယ်။

ဒါပေမယ့် အခုတော့ ကြည့်ရတာ သူတို့တွေ ထင်ထားတာ မှားသွားပုံပါပဲ။

“ဘုန်း .. . ”

ခေါင်းဆောင် အဖိုးကြီးရဲ့လက်သီးချက်က ယန်ချီရဲ့ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့တယ်။

...........

Godly Sword System
Chapter 752 အသက်ရှင် လွှတ်မြောက်ခွင့်ပေးမယ်
Translated by Thura

ယန်ချီက တိုက်ခိုက်မှုကို မရှောင်တိမ်းသလို ခုခံခြင်းလည်း မရှိပါဘူး.။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now