“နှစ်တစ်ထောင် မှော်ဆေးရည်က ချီယွင်ဒီရဲ့ တောနက်ပိုင်းမှာပဲ ရရှိနိုင်တာ။ မင်းတို့တွေကလည်း နှစ်တစ်ထောင် မှော်ဆေးရည်ကို ရှာဖို့လာတာဆိုတော့ သတ်ပစ်ရမယ်”

ဒီစကားကို ကြားတော့ အဖိုးအိုနဲ့ လူငယ်တွေရဲ့ မျက်နှာပေါ်မှာ စိတ်ပျက်နေတဲ့ အမူအယာတွေ ပေါ်လာခဲ့တယ်။

“အကြီးအကဲ လူငယ်သုံးယောက် ရောက်နေတယ်”

ရုတ်တရက် လူငယ်တစ်ယောက်က ဝိုင်းရံထားတဲ့ သူတွေထဲမှ ခေါင်းဆောင်ကို ပြောလိုက်တယ်။

ခေါင်းဆောင်က အဲ့ဒီလူငယ် ညွှန်ပြရာကို ကြည့်လိုက်တော့ယန်ချီ မုရွှယ်အာနဲ့ ဝူဖန်ကို လှမ်းမြင်လိုက်တယ်။

“သေရတော့မယ်လူတွေ ထပ်ရောက်လာလိမ့်မယ်လို့ မထင်မိဘူး”

ခေါင်းဆောင်က အေးစက်စက်ပြုံးပြီး ပြောလိုက်တယ်။

ခေါင်းဆောင် အဖိုးကြီး မထင်ထားတာကတော့ ယန်ချီ၊ မုရွှယ်အာနဲ့ ဝူဖန်တို့ကထွက်မပြေးရုံသာမက သူတို့ဆီကို ဦးတည်လျှောက်လာလိမ့်မယ်လို့ပါ။

ဒါက သူတို့တွေက တခါမှ မတွေးမိတဲ့ ကိစ္စပါ။

ယန်ချီတို့ လျှောက်လာတာကို မြင်တော့ အဝိုင်းခံရတဲ့ အဖိုးအိုနဲ့လူငယ်တွေက ခေါင်းခါယမ်းမိလိုက်ကြတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးက ယန်ချီ၊မုရွှယ်အာနဲ့ ဝူဖန်တို့ သုံးယောက်က သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ သိနေတဲ့အတွက်ပါ။

“မင်းတို့ကလည်း နှစ်တစ်ထောင် မှော်ဆေးရည် လာရှာကြတာလား”

ဝိုင်းထားသူတွေထဲမှ ခေါင်းဆောင် အဖိုးကြိးက ယန်ချီကို စူးစိုက်ကြည့်ပြီး မေးလိုက်တယ်။

ယန်ချီကတော့ တည်ငြိမ်စွာနဲ့ ခေါင်းဆောင် အဖိုးကြီးကို ကြည်ပြီး ပြောလိုက်တယ်။

“မင်း အခုအချိန် ထွက်သွားမယ်ဆိုရင် အသက်ရှင်ခွင့်ရမယ်”

ယန်ချီရဲ့ လေသံက တည်ငြိမ်လွန်းပါတယ်။

“ဟူး. . ”

ခေါင်းဆောင် အဖိုးကြီးနဲ့ နောက်လိုက် စိတ်ဝိဉာဉ်ပညာရှင်တွေက ဒီစကားကို ကြားတော့ ပင့်သက်ရှိုက်မိလိုက်ကြတယ်။ သူတို့အားလုံးက ယန်ချီကို ဒီလို စကားမျိုး ပြောလိမ့်မယ်လို့ မထင်မိထားတဲ့အတွက်ပါ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now