အိပ်ပျော်နေတဲ့ ကလေးလေးရဲ့မျက်နှာဟာ ပကတိအပြစ်ကင်းပြီး ဖြူစင်လို့နေသည်၊ ဒီလိုမျိုး ကလေးလေးကို ဘယ်သူ့လက်ထဲမှသူထည့်မပေးနိုင်ပါ၊ သူ့ရဲ့အတ္တစိတ်ဟာ ကြီးစိုးနေသည်၊
" အရင်ကရော အခုရော နောင်လာမယ့် အချိန်တိုင်းအတွက်ရော ကလေးလေးက ကိုယ်တစ် ယောက်တည်းအပိုင်၊ ဘယ်သူ့လက်ထဲမှ ထည့်မပေးနိုင်တဲ့ ကိုယ်ရဲ့ တစ်ဦးတည်းသော အရုပ်ကလေး "
" Good Night ကိုယ့်ကလေးငယ် "
____________________________________________NEXT MORNING
" အာဂျီးမား ကျွန်တော်တို့သွားနှင့်မယ်၊ ပြီးမှ အာဂျီးမားအတွက် ကားအကြိုလွတ်ပေးလိုက်မယ် "
" ဟုတ်ပါပြီ သခင်လေး "
" သခင်လေးတို့ စံအိမ်ကိုပဲ တန်းသွားမှာမလား "
" မသွားသေးဘူး ဒေါ်ကြီး၊ လောလောဆယ် ကျွန်တော့် တိုက်ခန်းမှာပဲ ခဏနေဦးမယ်၊ ပြီးမှ အဖေ့ဆီတစ်ရက် လာတွေ့ပါမယ် "
စကားပြောနေတုန်း Jongwoo လှေကားကနေဆင်းလာတာကို တွေ့လိုက်သည်၊
" သခင်လေး "
" ကျွန်မသွားလိုက်ပါဦးမယ် "
" ဟုတ်ပြီ အာဂျီးမား "
" ကလေးလေး အိပ်ရာနှိုးလာပြီလား မနက်စာဘာစားချင်လဲ "
" ပေါင်မုန့်ထောပတ်သုတ်လေး စားမလား "
" ဟုတ်ကိုကို "
" ဒီမှာ ကလေးလေး ကြိုက်တဲ့ ပေါင်မုန့်ထောပတ်သုတ် ရပါပြီ "
" စားလို့ ကောင်းတယ်မလား "
" ဟုတ် ကိုကို "
တုံ့ပြန်မှု သာမန်သာရှိသော ကလေးလေးရဲ့ပုံစံဟာ သူ့ကိုစိတ်ထိခိုက်စေသည်၊ အရင်ကဆို " ကိုကို့လုပ်ပေးတာက အကောင်းဆုံးပဲ " ဆိုပြီး ပျော်ရွှင်စွာ ပြောတတ်တဲ့ ကလေးလေးက ဘာကြောင့် အခုလိုမျိုး အေးစက်သွားရတာလဲ၊
YOU ARE READING
MIDNIGHT
Fanfictionအချစ်က လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် တဆက်တည်းမှာပဲ လူတွေကို စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်၊ - midnight thought
EPISODE 17
Start from the beginning