" ငယ်လို့ခေါ်မယ် မင်းကြိုက်ကြိုက်မကြိုက်ကြိုက်ခေါ်မှာပဲ အင့် "

" ခေါ်လို့ရတယ် မငိုတော့နဲ့ "

" ကတိပေး နောက်ကိုနမ်းရင်တွန်းမထုတ်ပါဘူးလို့ မင်းတွန်းထုတ်တော့ ကိုယ့်ရင်ဘက်ထဲကတဆစ်ဆစ်နဲ့နာတယ် "

" အင်း မထုတ်ဘူး "

" ဟီး လိမ်မာတယ် ငယ်က "

ပြွတ်စ် အာ့

ဒွန်း၏ခွင့်ပြုချက်နှင့်အတူ အောက်နှုတ်ခမ်းအားကိုက်ကာ ရိလင်သည်အနမ်းများအားစတင်တော့လေသည်။

" စဉ်းစားထား မင်းဆီက ချစ်တယ်ဆိုတဲ့အဖြေပဲလိုချင်တယ် ဘိုင့် "

ခုနငိုနေသောသူသည် ရိလင်ဟုပြောလျှင်ယုံမည့်သူရှိမည်မဟုတ်ပါ။သို့သော်တစ်စုံတစ်ယောက်ကတော့ ရိလင်၏အပြုအမူကြောင့်ပြုံးကာ ခေါင်းရမ်းနေလေသည်။

* ချစ်ပါတယ် ပြောမရသေးတဲ့ အခြေအနေမို့ပါ စကားနဲ့မဟုတ်ပဲ တခြားနည်းနဲ့ ချစ်ကြောင်းဝန်ခံပါရစေ ကိုကို *

ရိလင်တစ်ယောက် အိမ်အောက်ထပ်သို့ဆင်းလာကာ ဒွန်း၏မိခင်နားကပ်၍ ချွဲလေတော့သည်။သားချစ်မိခင်ပီပီ ရိလင်လေးအားလည်း သူ၏သားအရင်းလိုချစ်ရပါသည်။အဘယ်ကြောင့်ဆိုသော် ရိလင်သည် သွက်လပ်ပြီး ပြောချင်ရာကိုသာပြောတတ်သည့် ချစ်စရာကောင်လေးမို့ ပင်ဖြစ်သည်။

' ဟာ မမကလည်း '

ဖုန်းပြောရင်းဆင်းလာနေသူသည် ရှေ့ရှိရိလင်အားမမြင်ပေ။ထို့ကြောင့်လည်း စကားပြောရင်းရယ်မောနေလေသည်။ရိလင်သည် ထမင်းစားရန် ဒွန်းအားတပ်ခေါ်ရန်အပြု စကားသံများ ၊ ရယ်မောသံများနှင့်အတူ အောက်ထပ်သို့ ဆင်းလာသည့် ဒွန်းကြောင့် ရိလင် လှေကား လက်ရန်းအားမှီကာ လက်ပိုက်၍ ခြေချိတ်ကာနေလိုက်ပြီး သူ့နားထိရောက်လာမည့်သူအား အရန်သင့်စောင့်နေလိုက်သည်။

ဒွန်းသည် ရိလင်နားရောက်လာသည်နှင့် ရိလင်သည် ဒွန်း၏ခါးအားဖတ်လိုက်ပြီး သူ့ဘက်သို့လှည့်လာစေသည်။သူ့အားသတိမထားမိသူကို သူရပ်နေမှန်းသိစေရန် ရိလင်သည်အပြုအမူနှင့်ရှင်းပြလေသည်။၁ပေခန့်သာကွာဝေးတော့သည့် မျက်နှာအနေအထားကြောင့် ဒွန်း၏မျက်နှာလေးမှာရဲနေပြီး ဖုန်းပြောနေသည်ပါရပ်တန့်သွားရသည်။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now