အပိုင်း (၈၃) ခြေရာခံခြင်း (၈)

Start from the beginning
                                    

သို့သော် ဤအရာများသည် အရေးပေါ်ကိစ္စများဖြစ်လေသည်။ ချောင်မော့ယွီအတွက်မူ သူမ၏ နောက်ပိုင်း လုပ်ဆောင်ချက်များမှာ အရေးပါလှသည်။

သူမသည် ဤကဲ့သို့ ဝတ်စားထားသည်ဖြစ်ရာ  ယဲ့ဖေးချန်းက သူမကို မှတ်မိနိုင်ပါမည်လား။

ချောင်မော့ယွီသည် သူမ၏ ဓားသိုင်းအကကို ဆက်ကရန် စိတ်ကူးမရှိတော့ချေ။ ထိုအခိုက်အတန့်တွင် သူမသည် အလင်းဖွင့်ရာတွင် အရေးအကြီးဆုံးအပိုင်းဖြစ်သည့် နောက်ဆုံးအဆင့်ကိုသာ လုပ်ရန် လိုတော့သည်။

ပြာများသည် ဖလားအောက်ခြေသို့ နစ်မြှုပ်သွားသည်။ သူမသည် ကြေးဖလားကို ညင်ညင်သာသာ ဂရုတစိုက် ကိုင်ထားလိုက်ပြီး သူမ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။ ကျားပွတ် ပြန်ကျလာသည့်ခဏတွင် သူမသည် ကြေးဖလားကို မ,ယူလိုက်ပြီး စတူဒီယိုဆိုင်းဘုတ်ကို ဖလားထဲက ရေတစ်ဝက်နှင့် ပက်ဖျန်းလိုက်ပြီး ကျန်တစ်ဝက်ကို လုပေ့ကဲ ကိုယ်ပေါ်သို့ ဖျန်းလိုက်လေသည်။

ထိုအခိုက်အတန့်တွင် လော့လော့၏နှုတ်ဆိတ်နေမှုကို စိတ်ဝင်စားပြီး သူ့ကို စကားပြောလာအောင် ကြိုးစားနေသည့်  ယဲ့ဖေးချန်းသည် သူ့အကြည့်များကို ချောင်မော့ယွီထံသို့ ဖြည်းညင်းစွာ ပြောင်းသွားလေတော့သည်။

ချောင်မော့ယွီသည် သူမ၏ မြင်းမြီးကျာပွတ်ကို ချလိုက်တော့မည့်ဆဲဆဲ သဖန်းပင်များဝန်းရံထားသော ခြံဝင်းလေးထဲတွင် သူတို့၏အကြည့်များ ဆုံသွားကြတော့သည်။

...

ဒါလေး paid gp ရှိပါတယ်
အစအဆုံးကို 2500 (kpay,wave)
3000( Ph bill)

အခု gp မှာ အစအဆုံးပြီးသွားပါပြီ

Zawgyi

ဘာသာပြန်သူ Yuuki

လော့လော့သည် သူ့ကို ‘ဦးဦး’ဟု ခေါ်လိုက်ပြီးနောက် ပိုးတုံးလေးသည် ချက်ချင်း ပင့်သက်ရှိုက်လိုက်၏။

မာမားကပြောထားတာ သူတို့က အခုအလုပ်လုပ်နေတာတဲ့။ ဒါကြောင့် ဘယ်သူ့ကိုမှ စကားကို ပုံမှန်အတိုင်း မပြောသင့်ဘူးတဲ့။

သူသည် စကားမှားသွားသည်ကို သိလိုက်သည်တွင် သူ့ပြည့်ဖောင်းဖောင်းလက်ကလေးနှင့် ပါးစပ်ကို အမြန်အုပ်လိုက်ပြီး  ယဲ့ဖေးချန်းကို သတိနှင့် ကြည့်လိုက်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now