အပိုင်း (၈၃) ခြေရာခံခြင်း (၈)

Start from the beginning
                                    

ချောင်မော့ယွီ နှလုံး တုန်သွားပြီး သူမခြေထောက်များမှာ မငြိမ်တော့ပေ။ လေထဲတွင် တပတ်လှည့်ပြီး မြေပေါ်ပြန်အဆင်းတွင် လဲကျလုနီးနီး ဖြစ်သွားတော့သည်။

အခုကြားလိုက်တာ  ယဲ့ဖေးချန်းရဲ့ အသံမလား။

အုပ်ဆိုင်းနေသောသစ်ပင်ပေါ် ခုန်တက်လိုက်ပြီး သူမမျက်လုံးများက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ကာ သစ်ပင်၏ တခြားဘက်ကိုလည်း ကြည့်လိုက်လေသည်။

ယဲ့ဖေးချန်းသည် ခြံဝင်းဝင်ပေါက်ရှိ မြေပေါ်တွင် တဝက်ဆောင့်ကြောင့်ထိုင်နေသည်။ သူ့ရှေ့တွင် ဂနာမငြိမ်ဖြစ်နေသည့် ပိုးတုံးလုံးလေး ရှိနေလေသည်။ နှစ်ယောက်သားသည် စကားပြောနေသည်ဟု ထင်ရသော်လည်း  ယဲ့ဖေးချန်း၏အသံကိုသာ ကြားနေရသည်။

မလုပ်ပါနဲ့။ ငါလေးက တာအိုရသေ့လိုဝတ်ပြီး လူတွေကို အလင်းဖွင့်ပေးဖို့ ရှားရှားပါးပါး အပြင်လေးထွက်ပြီး အလှူလုပ်နေတာလေ။ ဘာလို့ တစ်ချိန်လုံး  ယဲ့ဖေးချန်းနဲ့ပဲ တွေ့နေနိုင်ရတာလဲ။

ဒီနေရာကို မလာခင်က ဒီမင်းသားကလဲ လာလည်လိမ့်မယ်လို့ ငါလေးတောင် မသိထားခဲ့ဘူးလေ။ ဘာလို့လဲဆိုတော့ ဝတ္ထုထဲမှာ ပြောထားတာက လုပေ့ကဲ စတူဒီယိုဖွင့်တော့ ကျန်တဲ့ သူငယ်ချင်းတွေ အားလုံးမလာဘဲ ဖျော်ဖြေရေးလောကကလူတစ်ယောက်ပဲ လာခဲ့တာလို့ ရေးထားတာမလား။

ဒါပေမဲ့လဲ အဲဒီလောက ကလူဆိုတာ နာမည်ကြီးမင်းသား  ယဲ့ဖေးချန်းဖြစ်မယ်လို့ ဘယ်သိပါ့မလဲဟယ်။

ဒါပေမဲ့ ပြန်တွေးကြည့်တော့လဲ ဒီဆက်ဆံရေးက ဖြစ်နိုင်တာပဲ။  ယဲ့ဖေးချန်းက ရုပ်ရှင်ဧကရာဇ်ဖြစ်ပြီး ယဲ့မိသားစုရဲ့ ဆက်ခံသူဖြစ်ပေမဲ့ သူ့အဖေနဲ့ ဆက်ဆံရေး မပြေလည်တာနဲ့အတူ သူ့အစ်ကိုက မိသားစုစီးပွားရေးကို လက်လွှဲယူလိုက်တာက သူ့ကို လမ်းဆုံးရောက်အောင် ဖြစ်သွားစေတာကိုး။

လုပေ့ကဲသည်လည်း စိတ်ထားမြင့်မြတ်သူဖြစ်ရာ သူ့တွင် တစ်စုံတစ်ခု ဖြစ်ခဲ့လျှင်တောင် ဖျော်ဖြေရေးလောကရှိ သူ့တစ်ဦးတည်းသော သူငယ်ချင်းကို ဒုက္ခမပေးလိုချေ။ သူသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီးနောက်ပိုင်းတွင်မှ  ယဲ့ဖေးချန်း တစ်ယောက်သာ သူ့အကျပ်အတည်းကို ကြားခဲ့ရသည် ဖြစ်ပေမည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now