ကိုကို့ကို မြင်လိုက်တာနဲ့ ဘာလို့ ဘာကြောင့်မို့ သူ့ကို ထားခဲ့ရသလဲ၊ ဘာဖြစ်လို့ သူ့ဆီပြန်မလာခဲ့တာလဲ၊ ဘာကြောင့် အခုချိန်မှ ပြန်လာရတာလဲ၊ အရင်က သိချင်ခဲ့ဖူးတဲ့ မေးခွန်းများဟာ ကြက်ပျောက် ငှက်ပျောက်ဖြစ်သွားရသည်၊

ကိုကိုဟာ သူ့အလာကိုစောင့်မနေတော့ ချက်ချင်း ပဲ သူ့ကို ပွေ့ဖက်လိုက်သည်၊ ရင်ပြင်ကျယ်ကျယ်ဟာ တစ်ချိန်က သူ့အတွက်နားခိုရာ ဖြစ်ခဲ့သည် မဟုတ်လား၊

" လွမ်းနေခဲ့တာ ကိုယ့်ကလေးလေး "

သူကျန်ရှိနေခဲ့တဲ့ ရက်တွေမှာ သူလည်း ကိုကို့ကို ရူးမတတ်လွမ်းဆွတ်ခဲ့ရသည် မဟုတ်လား၊ ဒါပေမယ့် ခုချိန်မှာတော့ သူပြောမထွက်နိုင်တော့ပါ၊

" ကိုယ့်မှာ ကလေးလေးကို ပြောစရာ စကားတွေ အများကြီး ရှိတယ် "

" ကိုကို "

" ပြောလေ ကလေးလေး "

" ကျွန်တော်လေ "

သူဘာစကားမှ ပြောမထွက်နိုင်ဘဲ အားစေးမိနေခဲ့သည်၊ ဒါကို ကိုကိုက နားလည်စွာဖြင့်

" ပင်ပန်းနေရောပေါ့ ဒီမှာနားနေဦး‌နော် ကလေးလေး ကိုကို ဟိုဘက်ကို ခဏသွားလိုက်ဦးမယ် "

ကိုကိုပြောတဲ့ ဟိုဘက်ဆိုတာ ဘယ်ကိုပြောသည်နည်း၊ မဟုတ်မှ Jay ဆီကိုလား

_____________________________________________

" Jay Chang "

" ရောက်လာပြီလား "

" တွေ့ရတာ ဝမ်းသာပါတယ် Kim Ji Woong ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီနော် "

စတွေ့ကတည်းက စိတ်ထဲ ဘဝင်မကျလှတဲ့ ဒီကောင်လေး၊ အပြုံးတုတွေနဲ့ Jay Chang ရဲ့ မျက်နှာထားဟာ သူ့ကိုအတော်လေး စိတ်ရှုတ်စေသည်၊

" မင်း ငါ့ကို သိနေခဲ့တယ် မဟုတ်လား "

" ဆိုပါတော့ "

အဲ့ဒီ အချိန်ကတည်းက ကလေးလေးကိုလည်း သိနေပြီးသားပေါ့၊ အဲ့တာကြောင့် သူ့ကိုလည်း မချေမငံ ဆက်ဆံခဲ့တာ မဟုတ်လား

" မင်းဒီကို ရောက်တာ ဘယ်လောက်ကြာပြီလဲ "

" ၅ လကျော်လောက်တော့ရှိမယ်ထင်တယ် "

MIDNIGHT Where stories live. Discover now