>>>

//ကြယ်ဗဟုဂံအိမ်တော်//

Laptopနှင့်အလုပ်လုပ်နေသောသခင်လေးသည်
နာရီကိုကြိမ်ဖန်များစွာကြည့်နေခြင်းမှာ
အိပ်ချင်နေ၍မဟုတ်...။
အဆိုးလေးအိမ်ပြန်
နောက်ကျနေသောကြောင့်ဖြစ်သည်။
ဖုန်းလည်းဆက်မလာ၍
ဘယ်နေရာမှာရန်ဖြစ်နေပြီလဲ
ဘယ်နေရာမှာမှောက်နေပြီလဲ
စိတ်ပူနေရသည်။

"ကိုကို"

ပင်ပန်းနွမ်းနယ်နေတဲ့အသံလေးဖြင့်
ရင်ခွင်ထဲတိုးဝင်လာသည်။
အဆိုးလေးချွဲရင်
သခင်လေးကိုတစ်ကမ္ဘာလုံးနဲ့တစ်ယောက်
ပတ်ရန်ဖြစ်ခိုင်းတာပါ...။
ပြဿနာတွေရှုပ်လာရင်သခင်လေးထံမှာ
ဖားပျံလိုကပ်ပြီးချွဲနွဲ့နေတော့တာပါပဲ။
အကြောင်းသိနေတဲ့သခင်လေးက
မျက်နှာထားကိုတင်းလိုက်ပြီး

"ဘယ်အချိန်ရှိနေပြီလဲယူဂျင်း"

"ကိုကိုကလည်းကလေးကတက္ကဆီငှားနေရသေးတာကို...အဲ့တာကြောင့်ဆူချင်ရင်တက္ကဆီဦးလေးကြီးသွားဆူ...ကလေးကိုမဆူပါနဲ့"

ရင်ခွင်ထဲကအဆိုးလေးကထုံးစံမပျက်
ခေါင်းမော့မလာဘဲချွဲနွဲစွာပြောသည်။

"ဟန်ယူဂျင်း မင်းမဟုတ်မှလွဲ...ငါပေးထားတဲ့ကားကိုပစ်ထားပြန်တာလား!"

"ကျစ်!!ကိုကို့ကားကအမြဲထိုးရပ်နေတာလေ ကလေးအမြဲရှုံးနေတာအဲ့တာကြောင့်ဝဲလိုက်ပြီ"

"ဟန်ယူဂျင်း!!!"

သခင်လေးကရင်ခွင်ထဲကကောင်လေးကို
အောက်ကိုတွန်းချလိုက်ကာ
စိတ်တွေငြိမ်သွားအောင်အရင်လုပ်နေရသည်။
ယူဂျင်းကအဲ့လိုပဲဘယ်အရာကိုမှ
အလေးအနက်မထားဘူး။

"ဘာလဲကိုကိုရာဒီကားလေးတစ်စီးပဲကိုဘာလို့တွန်းချရတဲ့အထိစိတ်ဆိုးသွားရတာလဲ"

သခင်လေးကအံကိုတင်းတင်းကြိတ်လိုက်သည်။

"ဟန်ယူဂျင်း မင်းအသက်၂၃ပဲရောက်နေပြီ..ငယ်တော့တဲ့အရွယ်လည်းမဟုတ်ဘူး..မရင့်ကျက်ချင်နေ..ကျန်တဲ့အရာတွေကိုအလေးအနက်မထားရင်တောင်ကိုယ့်ကို...ကိုယ့်ကိုတော့အလေးအနက်လေးထားပေးပါကွာ..တောင်းပန်တာပါ.."

တစ်ခါလည်းမကနှစ်ခါလည်းမကတဲ့
ပစ်ပယ်မှုတွေမှာမာနရှင်သခင်လေးထံမှ
တိုးလျှိုးတောင်းပန်သံလေးထွက်လာသည်။

Please Stop, Don't StopWhere stories live. Discover now