ရုတ်တရက် ဒီကောင်လေးအသက်ကိုတွေးနေမိတုန်း ကလေးလေးကို သတိရမိသည်၊ သူနဲ့ စတွေ့တဲ့ အချိန်တုန်းက ကလေးလေးဟာ ဒီအသက် အရွယ်သာ ရှိသေးသည်၊ ဒီကောင်လေးနဲ့ မတူဘဲ သွက်သွက်လက်လက်နဲ့ တအားချစ်ဖို့ကောင်းတာ မဟုတ်ဘူးလား တစ်ခါတစ်လေ တအားရှက်တတ်တာက လွဲလို့ပေါ့၊

တွေးနေရင်းကို သူပြုံးနေမိသည် ကလေးလေးက သူ့ကို အဲ့သည်လိုမျိုး စိတ်ချမ်းသာစေသည်၊တိုက်ဆိုင်လို့ သတိရမိတဲ့ အချိန်ကလေးမှာတင် သူ့ကို ကြည်နူးမိစေတယ်၊ သတိရနေရင်းကို သူ အလွမ်းပိုမိပြန်တယ် ဒီညပြန်ရင်တော့ ဒေါ်ကြီးဆီ ဖုန်းဆက်ရမည်ဟု သူထားလိုက်သည်၊

_____________________________________________

သူနဲ့ Hyung တို့ တ‌ဖြေးဖြေး အဆင်ပြေလာတယ်ပြောရမည်၊ အဲ့သည်နေ့ပြီးကတည်းက ပိုပြီး နီးကပ်လာသလို သူခံစားရသည်၊ Hyung လည်း သူ့လိုပဲ ခံစားရသည် မဟုတ်လား၊ ထုတ်မပြောပေမယ့်လည်း သူခံစားမိနေပါသည်၊ Jay ဘက်က စိတ်ရှည်ရှည်နဲ့ Hyung ထုတ်ပြောလာမယ့်နေ့ကို စောင့်ဆိုင်းရုံကလွဲလို့ မရှိပါ၊

" မင်းမှာ Instrument တွေ အများကြီး ရှိတာပဲ "

" ကျွန်တော် ဂီတာ တီးပြရမလား Hyung "

" အင်း "

" ဒါဆို ကျွန်တော် စန္ဒရား တီးပြမယ်နော် "

စောစောက ဂီတာ ကိုင်ပြီး မေးလာတဲ့ ‌သူက ခုတော့ စန္ဒရားခုံပေါ်ကို ရောက်သွားလေရဲ့၊

" မင်းစိတ်တိုင်းကျလုပ်မှာဆို ဘာလို့ ငါ့ကို မေးနေသေးလဲ "

တကယ် Jongwoo စိတ်ဆိုးလာပါပြီ၊ တစ်ခါလည်း မဟုတ် နှစ်ခါလည်း မဟုတ် အမြဲတမ်း သူလုပ်ချင်တာတွေကိုပဲ ရွေးလုပ်နေတာ၊

" Hyung စိတ်တိုင်းကျဖြစ်ချင်လား ဒါဆို ကျွန် တော့် ကောင်လေး အရင်လုပ်ပါအဲ့အခါကျရင် ကျွန်တော်က Hyung စိတ်တိုင်းကျ အကုန် လုပ်ပေးမယ် "

ခပ်ပြုံးပြုံးနဲ့ သူ့ကိုမျက်ခုံးပင့်ပြပြီး ပြောလာတဲ့ Jay ကိုကြည့်ပြီး ရုတ်တရက် နား‌ထဲမှာ ကြားယောင်လာတဲ့ ကိုကို့ရဲ့ အသံ

MIDNIGHT Where stories live. Discover now