"အဲ့တာဆိုရင်တော့ စိတ်အေးသွားပြီ ၊ သြော် ဒါနဲ့ ကိုကြီးလဲပါတယ်သိလား နောက်ဘက်က ကားထဲမှာ"

သူမစကားကြောင့် နောက်ကကားကိုလှမ်းကြည့်လိုက်တော့ ဝဏ္ဏက ကားမှန်ချကာ လက်လှမ်းပြသည်။

"သူက အားနေတာလေ ၊ ပြီးတော့ မေမေကလဲ ကျွန်မတစ်ယောက်တည်းစိတ်မချလို့ဆိုပြီး လိုက်လာခိုင်းတာ"

"ညီမလေးကိုစိတ်ပူလို့ပေါ့"

"အဟင်း ဟုတ်တယ်ဆရာရဲ့"

ရှေ့ကားထဲတော့ သံစဉ်မြင့်မိုရ်နဲ့သုတရှင်းသန့်အပြင် မိန်းကလေးသူငယ်ချင်းတသိုက်လည်း ပါသည်။

ပြင်ဆင်လဲဖယ်ဖို့အဝတ်အစားတွေလည်းပါလာသလို မိတ်ကပ်ဆရာလည်းပါတာမို့ ကား၃စီးက ကွက်တိ။

ဝဏ္ဏကတော့ ပစ္စည်းတွေနဲ့အတူ နောက်ကားထဲမှာပါလာပြီး သုတရှင်းသန့်ရဲ့ သူငယ်ချင်းတချို့လည်း လိုက်ပါလာသည်။

"သွားရအောင်လေ အချိန်ရှိတုန်းလေးသွားကြတာပေါ့"

"ဟုတ်ကဲ့ ကျွန်မတို့ရှေ့ကသွားနှင့်မယ်နော်"

"ကောင်းပါပြီ

ကား၃စီးထွက်သွားပြီးနောက်မှာတော့ နွမ်းတို့ကလည်း ကား၂စီးဖြင့်လိုက်လာခဲ့သည်။ နွမ်းနှင့်အတူ ရေချယ်ကပါလာပြီး ကြည်ဖြူကလည်း နောက်ခန်းထဲကနေထိုင်ရင်း လိုက်ပါလာသည်။

...................

စိမ်းလန်းရေတံခွန်က မြို့စွန်ဘက်နားကိုအတော်လေးရောက်သည်။ တောအုပ်သေးသေးလေးထဲတွင် သဘာဝအတိုင်းဖြစ်တည်နေတဲ့ ရေတံခွန်က မကြီးမသေးဖြစ်နေပြီး အတော်လေးလှပတဲ့အထဲပါတော့ pre wedding ရိုက်လို့ကောင်းတဲ့ နေရာလည်းဖြစ်သည်။

"မသံစဉ်မြင့်မိုရ်က စိတ်ကူးကောင်းတယ်နော်၊ကျွန်မသိသလောက်တော့ စိမ်းလန်းရေတံခွန်မှာ ခုလို per wedding ရိုက်တဲ့လူမပြောနဲ့ ဒီတိုင်းတောင် မရိုက်ကြဘူး"

"တောအုပ်ထဲမှာလေ ပြီးတော့ ဟိုးအရင်နှစ်တွေတုန်းက ကိစ္စတွေဖြစ်ထားတာကို ဘယ်လာရိုက်ကြမလဲ?"

ကားမောင်းနေရင်း နွမ်းလည်း ထိုအကြောင်းကို စဉ်းစားမိသွားသည်။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now