မကြာခင်ပဲ Jay အိမ်ပေါ်ကို တက်လာတဲ့ ခြေသံကို ကြားလိုက်ရသည်၊ သူနေရာမှာပဲ ရပ်နေမိသည်၊ သူ့ကို မြင်တာနဲ့ ပြုံးပြလာတဲ့ Jay ကြမ်းပြင်ပေါ်က ဖန်ကွဲစတွေကို မမြင်ခင်အထိတော့ Jay ဟာ ပြုံးနေခဲ့တယ်၊ မြင်သွားတဲ့ အချိန်မှာတော့ သူ့ရဲ့ အပြုံးတွေက ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါပြီ

_____________________________________________

๑⁠˙ Jay Chang's Pov ˙⁠๑

Jongwoo Hyung က သူ့ကိုစိတ်ဆိုးနေမယ်ထင်တယ်၊ ရုတ်တရက်ဖြစ်သွားခဲ့တာမို့ Hyung အ တွက် အချိန်လည်း လိုကောင်းလိုနေပါလိမ့်မည်၊ ထို့ကြောင့် သူ Hyung ဆီကို မသွားဖြစ်ပါ သူ့ကို မြင်ရင် အနှောင့်အယှက်များ ဖြစ်နေမလားလို့ သူတွေးမိသောကြောင့်၊

ဒါပေမယ့် သူအကြာကြီးတော့ မနေနိုင်ပါ၊ နှစ်ရက်ကြီးများတောင် အချိန်ပေး‌ပြီးပြီဆိုတော့ သူသွားမှ ဖြစ်တော့မည်၊ နာရီပေါင်း ၄၈နာရီကျော် မ‌တွေ့ရတဲ့  Hyung မျက်နှာလေးကို သူတွေ့ချင်နေပြီ၊

Jay အိမ်ထဲကို တန်းမဝင်ဘဲနဲ့ အိမ်အောက်ကနေ လှမ်းအော်ပြောလိုက်မိတယ်၊ တုံ့ပြန်မှု မရှိတာကြောင့် Jay အိမ်ပေါ်ကို တက်သွားဖို့ ဆုံးဖြတ်လိုက်တယ်၊ တွေ့ပါပြီ သူရဲ့ ချစ်လှစွာသော Hyung ကိုလေ၊ Hyung ကို မြင်လိုက်ရတော့ သူ့အပြုံးပန်းတွေ ဝေဆာသွားရသည်၊

Jay အပျော်လွန်ပြီး Hyung ဆီကို မြန်မြန်လျှောက် သွားဖို့ ပြင်လိုက်ချိန် ‌တွေ့လိုက်ရတဲ့ ဖန်ကွဲစတွေ နောက်ပြီး သွေးတွေ သူတကယ် တုန်လှုပ် သွားရပါသည် ဘယ်လိုလုပ် ဘယ်လိုဖြစ်ပြီးတော့ ဒီလိုမျိုး ဖြစ်ရတာလဲ သူ့ကြောင့်နဲ့ Hyung ကို ဒီလို ဖြစ်စေခဲ့တာလား

" Hyung ဘယ်လိုမျိုး "

သူ့စကားတွေလည်ချောင်းထဲမှာတစ်ဆို့လို့နေတယ်၊ သူဘာကိုမှ ဆက်မပြောနိုင်တော့ပါ၊ သူ့မျက်ရည်တွေက မထိန်းနိုင်ဘဲ အလိုလိုကျလာသည်၊ သူ့ရဲ့လက်တွေလည်း တုန်ရီနေသည်၊

အသိစိတ်လွတ်သလို ဖြစ်နေတဲ့ Jayရဲ့ပုံစံကို မြင်လိုက်ရ‌တော့ Jongwooလည်း တကယ် လန့်သွားရပါသည်၊ သူ Jay ဆီကို လျှောက်သွားလိုက်တယ်၊ ထိုအခါ Jay က ဒူးထောက်ထိုင်ချလိုက်ပြီး သူ့ခြေထောက်တွေကို တုန်ရီနေတဲ့ လက်တွေနဲ့ မထိရက် မကိုင်ရက်ဖြစ်လို့နေသည်၊

MIDNIGHT Where stories live. Discover now