Book 31 Ch 1 - 7

Comincia dall'inizio
                                    

ဒါကြောင့်လည်း လောင်ရှောင်ယုကို ကျင့်စဉ် လွှဲပြောင်းပေးခဲ့တာပါ။

“အဲ.. ကောင်းကင်ဘုံ နန်းတော်ကို ကျွန်မ ဝင်ကြည့်လို့ ရမလားဟင်”

ကောင်းကင်ဘုံ အင်ပါယာ နှုတ်ဆိတ်နေတာကို တွေ့လိုက်ရတော့ လောင်ရှောင်ယု သတိထားပြီး မေးမြန်းလိုက်ပါပြီ။

ကောင်းကင်ဘုံ အင်ပါယာ ဖြည်းလေးစွာ ခေါင်းညိတ်လိုက်ပြီး
“ရတာပေါ့။ ဒါနဲ့.. ဒီမှာ မင်းရင်းနှီးတဲ့ မိတ်ဆွေတွေလည်း ရှိနေသေးတယ်”

ခဏလောက် တွေးလိုက်ပြီး ကောင်းကင်ဘုံ အင်ပါယာလည်း မိတ်ဆွေဆိုတဲ့ အသုံးအနှုန်းကို သုံးလိုက်ပါပြီ။

“မိတ်ဆွေလား…”
လောင်ရှောင်ယု အံ့ဩသွားပါတော့တယ်။ သူမအနေနဲ့ ကောင်းကင်ဘုံ နန်းတော်မှာ ကောင်းကင်ဘုံ အင်ပါယာ အပြင် တခြားသိထားသူ မရှိသေးပါဘူး။

ကောင်းကင်ဘုံ အင်ပါယာရဲ့ လမ်းပြမှုအောက်မှာ မိတ်ဆွေဆိုတာကို လောင်ရှောင်ယု သဘောပေါက်သွားခဲ့ပါပြီ။

“ဆရာကြီးပါလား။ ဆရာကြီးလည်း ဒီကို ရောက်နေတာလား”

လောင်ရှောင်ယုလည်း ဝမ်းသာအားရ အပြေးသွားခဲ့ပါပြီ။ ချင်းကျူကို သူမ ပွေ့ဖက်တော့မလိုပါပဲ။

“မတွေ့တာတောင် ကြာပြီ”
ချင်းကျူလည်း အရက်အိုးကို အောက်ချလိုက်ပြီး လက်ကို ယမ်းလိုက်ပါတော့တယ်။

“မတွေ့တာ ကြာပြီပေါ့”

လောင်ရှောင်ယုလည်း ဝမ်းသာမှုကို ထိန်းချုပ်ရင်း လက်ကိုဝှေ့ယမ်းလိုက်ပြီး ဝတ်စုံနက်ကို သိမ်းဆည်းလိုက်ပါပြီ။ သူမရဲ့ လှပတဲ့ ခန္ဓာကိုယ် ပေါ်ထွက်လာပါတော့တယ်။

“အဲ.. ဆရာ.. သူမက ဘယ်သူလဲ”

ဒီအချိန်မှာတော့ သတ်ဖြတ်ခြင်း တာအိုဓား လျှောက်လှမ်းရောက်လာခဲ့ပြီး လောင်ရှောင်ယုကို နားမလည်နိုင်စွာ ကြည့်နေပါပြီ။

“သူမ နာမည်က လောင်ရှောင်ယုတဲ့။ ငါ့မိတ်ဆွေတစ်ဦးပေါ့။ နဂါးဖြူမျိုးနွယ်ရဲ့ နတ်မိမယ် သခင်မပဲ ဆိုပါစို့”

ချင်းကျူ မိတ်ဆက်ပေးလိုက်ပါတော့တယ်။

“သူမကတော့ နတ်ဘုရား မှော်ရတနာ သတ်ဖြတ်ခြင်း တာအိုဓားတဲ့”

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Dove le storie prendono vita. Scoprilo ora