သူတို့ နှစ်ဦးက အရင်ကတည်းက ပြိုင်ဘက်ဟောင်းတွေပါ။ တစ်ဦးက မီးဓာတ်ကို လေ့ကျင့်ထားပြီး တစ်ဦးက ရေခဲဓာတ်ကို လေ့ကျင့်ထားခဲ့ပါတယ်။ အချိန်တိုအတွင်း ဘယ်သူ အနိုင်ရလိမ့်မယ်ဆိုတာ ပြောဖို့ မလွယ်ပါဘူး။

ဒီမြင်ကွင်းကြောင့် နဂါးဖြူ မျိုးနွယ်စု တန်ခိုးရှင် နှစ်ဦးလည်း ပြောလိုက်ကြပါပြီ။

“ဒီလူသားကို အရင်ဆုံး ဖမ်းဆီးပြီးတော့မှ အစ်ကိုကြီးကို ကူညီပေးရမယ်”

လောင်အော် ဘယ်လောက်ပဲအစွမ်းထက်ပါစေ ကောင်းကင်သူတော်စင် ၃ ဦးကိုတော့ တပြိုင်တည်း မတိုက်ခိုက်နိုင်လောက်သေးပါဘူး။

သူတို့ ဆုံးဖြတ်ချက် ချပြီးတာနဲ့ ချင်းကျူဆီ တဖြည်းဖြည်းချင်း ချည်းကပ်သွားခဲ့ကြပါပြီ။

ချင်းကျူ
“…”

ငါက တော်တော်လေး အားနည်းပျော့ညံ့နေတဲ့ပုံ ပေါက်နေလို့လား။

ဟူး.. မတတ်နိုင်ဘူးလေ။ နှိမ့်ချနေထိုင်ချင်တာတောင်မှပဲ နေထိုင်လို့ မရတဲ့ ဘ၀ပါလား။

“လူသား.. သေလိုက်တော့”

ဘယ်ဘက်မှာရှိနေတဲ့ နဂါးဖြူ တန်ခိုးရှင်က အရင်ဆုံး ဝင်ရောက်တိုက်ခိုက်လိုက်ပါပြီ။ ချင်းကျူ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာကို သူမသိတဲ့အတွက်ကြောင့် အလွန်သတိထားနေခဲ့ပါတယ်။ ဝိညာဉ်စွမ်းအင်အမျှင်တန်းတစ်ခုဟာ လက်ဝါးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ချင်းကျူကို အားစမ်းလိုက်ပါပြီ။

ဒါပေမဲ့ သူမတိုက်ခိုက်နိုင်ခင်မှာပဲ ချင်းကျူက လက်ကို ဝှေ့ယမ်းလိုက်ပါတော့တယ်။ သူစုစည်းထားတဲ့ ဝိညာဉ်စွမ်းအင်အားလုံး လွင့်ပြယ်သွားခဲ့ပါပြီ။ ချက်ချင်းဆိုသလိုပဲ တိုက်ခိုက်လိုက်တဲ့ နဂါးဖြူ တန်ခိုးရှင်ဟာ သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး သူ့နှာခေါင်းနဲ့ ပါးစပ်ကနေ သွေးတွေ ဆက်တိုက် စီးကျလာပါတော့တယ်။ သူမြေပြင်ပေါ် လဲကျသွားခဲပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားတာကြောင့် မေ့မျောသွားခဲ့ပါပြီ။

“…”

ကျန်နဂါးဖြူ တန်ခိုးရှင်လည်း တွေဝေသွားပါတော့တယ်။ သူအိပ်မက်ပဲ မက်နေတာလား။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now