မူလခန္ဓာကိုယ်ဟာ ပင်ကိုယ်သဘာ၀ကြောင့် ကိုယ်ပွားတွေကို လွှမ်းမိုးထားနိုင်ပေမဲ့လည်း အန္တရာယ်နဲ့ ရင်ဆိုင်တွေ့ရတဲ့ အချိန်မှာတော့ မူလခန္ဓာကိုယ်ကို သစ္စာမဖောက်ဖို့ မတားဆီးနိုင်ခဲ့ပါဘူး။

မဟုတ်ဘူးဆိုရင် အခု ကိုယ်ပွား ထာ၀ရ ညအင်ပါယာဟာ ဘယ်တော့မှ အညံ့ခံမှာ မဟုတ်တာ သေချာပါတယ်။

“အိုး.. မင်းရဲ့ မူလခန္ဓာကိုယ်က ဘယ်နားမှာလဲ”
ချင်းကျူလည်း စိတ်ဝင်စားသွားခဲ့ပါပြီ။

အင်ပါရီယာ နန်းမြို့တော်မှာ ထာ၀ရ ညအင်ပါယာရဲ့ မူလခန္ဓာကိုယ် တည်နေရာကို ချင်းကျူ အာရုံခံလို့ မတွေ့ခဲ့ပါဘူး။ ဒါကြောင့် လုံခြုံတဲ့ နေရာတစ်ခုခုမှာ ပုန်းအောင်းနေတာ သေချာသွားပါပြီ။

ဒါကြောင့်လည်း ထာ၀ရ ညအင်ပါယာရဲ့ အစစ်အမှန် အုပ်ချုပ်သူကို ဘယ်သူမှ မတွေ့ဖူးခဲ့တာပေါ့။ ဒီလို အခြေအနေမျိုးကနေ ကာကွယ်ဖို့အတွက်လည်း သူကြိုတင်စီစဉ်ထားခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါကို ကြည့်ရင် ထာ၀ရညအင်ပါယာ ဘယ်လောက်တောင် သတိကြီးလဲဆိုတာ တွေ့ရမှာပါ။

“ဟုတ်ကဲ့”

စကားမဆုံးခင်မှာပဲ သွေးနီရောင် အလင်းတန်း တစ်ခုဟာ ထာ၀ရညအင်ပါယာရဲ့ ဦးခေါင်းကို ထုတ်ချင်းပေါက် ဖြတ်သန်းသွားခဲ့ပါပြီ။

ဘုတ်

ထာ၀ရ ညအင်ပါယာရဲ့ အသက်ဝိညာဉ်ကင်းမဲ့နေတဲ့ ခန္ဓာကိုယ် မြေပြင်ပေါ် လဲကျသွားပါတော့တယ်။

“…”

ဒါကို တွေ့လိုက်ရတော့ ချင်းကျူလည်း ခဏ အံ့ဩသွားခဲ့ပြီး ပုခုံးတွန့်လိုက်ပါပြီ။ ကိုယ်ပွားကို သူကိုယ်တိုင် မသတ်လိုက်ဘူးဆိုတော့လည်း ကတိတည်တယ်ပဲ ပြောရမှာပေါ့။

“မရှာနဲ့တော့။ ဒီကို ငါရောက်နေပြီ”

အဝေးမှာတော့ ထာ၀ရညအင်ပါယာ တစ်ဦး ပေါ်ထွက်လာခဲ့ပါပြီ။ သူဟာ ချင်းကျူကို မကြောက်မရွံ့ စူးစိုက်ကြည့်နေခဲ့ပါတယ်။

“မင်းက မူလခန္ဓာကိုယ်လား”

ချင်းကျူလည်း ထာ၀ရ ညအင်ပါယာကို သံသယနဲ့ အကဲခတ် ကြည့်လိုက်ပါတော့တယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now