ဒါပေမဲ့ ထာ၀ရ ညအင်ပါယာရဲ့ ပါရမီစွမ်းက အကန့်အသတ်နဲ့သာ ရှိနေတဲ့ အတွက် စိတ်ဝိညာဉ်ဝါးမျိုခြင်း ကျင့်စဉ်ကို အမြင့်ဆုံး အဆင့်အထိ ရောက်အောင် မလေ့ကျင့်နိုင်ခဲ့ပါဘူး။ မဟုတ်ဘူးဆိုရင် သူ့အနေနဲ့ ဒီထက်ကို ပိုပြီး အစွမ်းထက်နေမှာပါ။

ထာ၀ရ ညအင်ပါယာရဲ့ စကားကိုကြားလိုက်ရပြီး နောက်မှာတော့ ချင်းကျူလည်း နားလည်သွားခဲ့ပြီး ခဏ တွေးမိခဲ့ပါတယ်။

“တစ်နည်းဆိုရရင်တော့ မင်းကကိုယ်ပွားပဲပေါ့”

ထာ၀ရ ညအင်ပါယာရဲ့ ခန္ဓာကိုယ် တစ်ချက် တောင့်တင်းသွားခဲ့ပါပြီ။ သူအားတင်းပြီး ကြိုးစားပြောပြလိုက်ပါတော့တယ်။

“ဟုတ်. .. ဟုတ်ပါတယ်ခင်ဗျာ”

ချင်းကျူ ဘာပြောရမှန်းမသိ ဖြစ်သွားပါတော့တယ်။ ဒါဆို အစကနေ အဆုံးအထိ ထာ၀ရ ညအင်ပါယာရဲ့ မူလခန္ဓာကို သူမတွေ့ခဲ့ဘူးပေါ့။ သူဖျက်ဆီးလိုက်တာကလည်း ကိုယ်ပွားခန္ဓာကိုယ်ပဲပေါ့။

“ကျွန်တော့်ကို မသတ်ပါနဲ့။ ကျွန်တော့် မူလခန္ဓာကိုယ်ကို ခေါ်ခဲ့ပါ့မယ်”

ချင်းကျူရဲ့ သုန်မှုန်နေတဲ့ မျက်နှာထားကို တွေ့လိုက်ရတော့ ထာ၀ရ ညအင်ပါယာလည်း ကြောက်လန့်တကြားနဲ့ မူလခန္ဓာကိုယ်ကို သစ္စာဖောက်ပြီး ပြောလိုက်ပါပြီ။

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသွား။

ချင်းကျူ
“???”

ကိုယ်ပွားဆိုတာ မူလခန္ဓာကိုယ်နဲ့ တူတူပဲ မဟုတ်ဘူးလား။

ပြီးတော့ ကိုယ်ပွားက မူလခန္ဓာကိုယ်ကို သစ္စာဖောက်နိုင်တယ်လား။

သိထားကြသလိုပါပဲ။ ကိုယ်ပွားရဲ့ ပိုင်ဆိုင်ထားတဲ့ အသိစိတ်ဟာ မူလခန္ဓာကိုယ်ကနေ ဆင်းသက်လာခဲ့တာပါ။ ဘာပဲ ဖြစ်ဖြစ် ကိုယ်ပွားဟာ မူလခန္ဓာကိုယ်ကို သစ္စာဖောက်စရာ အကြောင်းမရှိပါဘူး။ အခု ဘာတွေ ဖြစ်နေတာလဲ။

ဒါပေမဲ့ ထာ၀ရ ညအင်ပါယာရဲ့ ကိုယ်ပွားနှစ်ခုဟာ မူလခန္ဓာကိုယ်နဲ့ အဆင့်ချင်း ခွန်အားချင်း တူညီနေတဲ့ အပြင်ကို လေ့ကျင့်ထားတဲ့ ကျင့်စဉ်ကလည်း အလွန်ကို ထူးခြားနေတာကြောင့် ဒီကိုယ်ပွားတွေဟာ အစောကြီးကတည်းက ကိုယ်ပိုင်အသိစိတ်ကို ရရှိထားခဲ့ကြပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ သူတို့တွေဟာ မူလခန္ဓာကိုယ်ဆီမှာ အမှုမထမ်းလိုကြတော့ပါဘူး။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now