“အဲဒါက ကျွန်တော် လေ့ကျင့်ထားတဲ့ ကျင့်စဉ်ကြောင့်ပါ”

“ကျင့်စဉ်ကြောင့် ဟုတ်လား…”

ချင်းကျူလည်း တစ်ချက်မှင်သက်သွားခဲ့ပါပြီ။ သူနားမလည်နိုင်သေးပါဘူး။

ထာ၀ရ ညအင်ပါယာက မိစ္ဆာကျင့်စဉ်ကိုလေ့ကျင့်ထားတာ မဟုတ်ဘူးလား။

“ဟုတ်ကဲ့”

ထာ၀ရ ညအင်ပါယာလည်း ချင်းကျူကို ကြည့်ပြီး ရှင်းပြလိုက်ပါပြီ။

“စိတ်ဝိညာဉ်ဝါးမျိုခြင်း ကျင့်စဉ်မှာ အဆင့်ငါးဆင့် ရှိပါတယ်။ အဆင့်တစ်ဆင့်ဆီ တက်လှမ်းတိုင်း စွမ်းအင်တစ်ခု နှိုးထလာစမြဲပါ။ ပဉ္စမ အဆင့်ရဲ့ အစွမ်းကတော့ ရေသောက်မြစ်သုံးပါး ခန္ဓာကိုယ်တွေကို နှိုးထစေမှာပါ”

ဒီအချိန်မှာတော့ ထာ၀ရ ညအင်ပါယာလည်း ချင်းကျူကို တစ်ချက် လှမ်းအကဲခတ်ပြီး စကားဆက်လိုက်ပါပြီ။

“ပဉ္စမအဆင့်ကို ရောက်ရှိသွားပြီ ဆိုရင် ဒီခန္ဓာကိုယ်ဟာ ကွဲထွက်သွားပြီး အဆင့်တူ ကိုယ်ပွား နှစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ ဆရာကြီး သတ်လိုက်တဲ့ တစ်ခုကတော့ အဲဒီကိုယ်ပွားတစ်ခုပါ”

ရေသောက်မြစ်သုံးပါး ခန္ဓာကိုယ်ကျင့်စဉ်မှာတော့ အရင်းအမြစ် တစ်ခုတည်းကနေ ခန္ဓာကိုယ် သုံးခုဆင်းသက်လာတဲ့ ကျင့်စဉ်ပါပဲ။

တစ်နည်းဆိုရရင်တော့ တခြား ကိုယ်ပွား နှစ်ခုဟာ မူလခန္ဓာကိုယ်နဲ့ ထပ်တူကျ တူညီနေပါပြီ။ တစ်ဦးဆီကလည်း မူလခန္ဓာကိုယ်ရဲ့ အစွမ်း ၁၀၀% ကို ပိုင်ဆိုင်ထားမှာပါ။

ပြောရရင် ကိုယ်ပွားဟာ မူလခန္ဓာရဲ့ ၁၀ ပုံ ၁ ပုံ အစွမ်းကို ပိုင်ဆိုင်ထားရင်တောင်မှ ထိပ်တန်းအဆင့် ကျင့်စဉ်လို့ ပြောနိုင်နေပါပြီ။ အခုလို စိတ်ဝိညာဉ်ဝါးမျိုခြင်း ကျင့်စဉ်က မူခန္ဓာကိုယ်နဲ့ အဆင့်တူကိုယ်ပွား ၂ ခု ထပ်ပြီး ခွဲထုတ်ပေးနိုင်တာက တကယ့်ကို အံ့မခန်းပါပဲ။

ထာ၀ရ ညအင်ပါယာက စိတ်ဝိညာဉ်ဝါးမျိုခြင်း ကျင့်စဉ်ကို လေ့ကျင့်ဖို့ ရွေးချယ်လိုက်ရတဲ့ အဓိက အကြောင်းရင်းကတော့ အမျိုးမျိုးသော အံ့မခန်း စွမ်းရည်တွေ နှိုးထလာမှာလည်း ပါဝင်တာကြောင့်ပါ။ ပြောရရင်တော့ လောင်ကျန်း လေ့ကျင့်ထားတဲ့ အင်မော်တယ် နတ်ဘုရား ခန္ဓာကိုယ် ကျင့်စဉ်နဲ့ သိပ်ပြီး မကွာခြားလှတော့ပါဘူး။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now