တစ်ဦးအနေနဲ့ သေမင်းဝိညာဉ်လျှိုမြောင် ဆိုတာ အဆင့်မြင့် မိစ္ဆာသားရဲတွေ ကျက်စားရာ နယ်မြေဖြစ်ကြောင်း သိထားကြပြီးသားပါ။ ပြီးတော့ ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော ကုန်းမြေနဲ့လည်း ဆက်နွယ်မှု ရှိနေခဲ့ပါတယ်။ အာခက်လျှို့ဝှက်ဂိုဏ်းတောင်မှ ဒီနေရာကို ရွှေ့ပြောင်းလိုစိတ် မရှိခဲ့ပါဘူး။

မဟုတ်ဘူးဆိုရင် ဒီလို သယံဇာတ ပေါကြွယ်၀လှတဲ့ နယ်မြေကြီးကို မဟာဂိုဏ်းကြီး ၃ ခုက အစောကြီးကတည်းက ခွဲဝေယူပြီးသွားလောက်ပါပြီ။

မဟာစကြ၀ဠာ နဂါးကြီးနဲ့ မြေကမ္ဘာ သားရဲကြီး ၃ ကောင်သေဆုံးသွားချိန်မှာတောင်မှ မဟာဂိုဏ်းကြီး ၃ခု အလောတကြီး ဆုံးဖြတ်ပြီး ဒီနေရာကို မရွှေ့ပြောင်းလာဝံ့သေးပါဘူး။

ဝိညာဉ်ကီကို တစ်နာရီလောက် စုပ်ယူပြီးချိန်မှာ ချင်းကျူတစ်ယောက် အင်္ကျီအဝတ်အစားကို ပြန်ဝတ်လိုက်ပြီး ယန့်ရှီကို ခေါ်ယူလိုက်ပါပြီ။ ပြီးတာနဲ့ သေမင်းဝိညာဉ်လျှိုမြောင် အတွင်းပိုင်းထဲ ဆက်လက် ဝင်ရောက်သွားပါတော့တယ်။

“ဘာထပ်စားရရင် ကောင်းမလဲ။ ဒီနေ့ ငါသဘောအကျဆုံးက…”

အစတုန်းကတော့ သေမင်းဝိညာဉ်လျှိုမြောင်ကို ဖြတ်သန်း ထွက်ခွာသွားဖို့ ချင်းကျူ အစီအစဉ်ရှိပြီးသားပါ။ ဒါပေမဲ့ ခေါင်းနှစ်လုံး ရေနဂါးကြီးရဲ့ အသားကို စားပြီးချိန်မှာတော့ ဒီမှာ ခဏထပ်ပြီး အချိန်ဖြုန်းဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ဒီအဆင့်မြင့် မိစ္ဆာသားရဲတွေရဲ့ အသားက အရမ်းကို အရသာရှိတော့လည်း မတတ်နိုင်တော့ပါဘူး။ ဝိညာဉ်ကီနဲ့ အသက်ဓာတ် ကြွယ်၀မှုက အရေးအကြီးဆုံး အချက်မဟုတ်သေးပါဘူး။ အရေးအကြီးဆုံးကတော့ အရသာက စာဖွဲ့လို့မရအောင် လှပ ကောင်းမွန်လွန်းနေခဲ့တာပါ။ ဒါကြောင့်လည်း ချင်းကျူ မခွာနိုင် ဖြစ်နေခဲ့ပါတယ်။

“ဟေး.. မင်းတို့ သိပြီးပြီလား။ ဒီတလော လူသားတန်ခိုးရှင်တစ်ဦး ဝင်လာတယ် ကြားတယ်။ သူက အရမ်းအစွမ်းထက်တယ်တဲ့။ ခေါင်းနှစ်လုံး ရေနဂါးကြီးနဲ့ ဝိညာဉ်ကျားကြီးတို့ သူ့လက်အောက် သေသွားပြီ ပြောသံကြားတယ်”

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now