"အဲ့...ငါဆေးစာရွက်သွားယူရအုံးမှာပဲ။မင်းတို့ခနစောင့်နှင့်။ ငါသွားယူပြီးပြန်လာခဲ့မယ်"

"အင်း..သွားလေ"

chimon ပြောပြီးတာနဲ့အခန်းထဲကထွက်လာလိုက်ပြီး ဆေးရုံအောက်ထပ်သို့ဆင်းလာ၏။

အခုတလောစိတ်ညစ်စရာတွေများနေပေမဲ့ အကို့ရှေ့မှာဒါတွေထုတ်ပြောလို့မဖြစ်ချေလေ။ အကိုရှေ့ဟန်ဆောင်ထားသမျှ အခန်းထဲကအပြင်ရောက်သွားသည်နှင့် အပြုံးတို့မှာပျောက်ကွယ်သွားရချေသည်။

ဝမ်းနည်းနေတဲ့စိတ်တွေဟာ ဦးတည်းချက်တစ်ခုတည်းတွင်သာရှိနေချေသည်။

"ဖယ်ကြ..! အရေးပေါ်လူနာ အရေးပေါ်လူနာ"

ရုတ်တရပ် အတွေးများနေသည့် chimon နားထဲမလုမ်းမကမ်းကသူနာပြုတစ်ယောကရ်ဲ့အသံဟာစူးလို့ဝင်လာသည်။

ဘာရယ်တော့မဟုတ်...အမှတ်တမဲ့ လူနာတင်ခုံပေါ်က သူအားလှမ်းကြည့်မိလိုက်တော့..၊

"perth?"

အင်္ကျီနှင့်လက်ကောက်ဝတ်တို့မှာစိုရွဲနေသည့်သွေးတွေဟာဘာလုပ်လာသလဲမေးစရာမလိုအောင်သိသာနေသည်မဟုတ်လား။

ဖြူဖျော့နေသည့်ခန္ဓာကိုယ်ဟာမတွေ့တာကြာသော်လည်းအတော်လေးပြောင်းလဲနေတာမြင်ရုံနှင့်သိပါသည်။

နှလုံးအားလက်ဖြင့်ဖိကာ နှလုံးပြန်ခုန်လာစေရန်လုပ်နေသော ဆရာဝန်၏ကြိုးစားမှုဟာသွေးထွက်လွန်နေပြီဖြစ်သော perth အဖို့အရာမရောက်ချေ။

"လူနာကသွေးလွန်နေပြီ AB သွေးအမျိုးအစားကိုဆေးရုံမှာသွားရှာ!"

အနားကနေဖြတ်သွားချိန်ကြားလိုက်ရသည့်စကားကြောင့် chimon အမြန်ပင်ထိုလူနာတင်ခုံ နောက်ပြေးလိုက်သွားမိလေ၏။

"ဒေါက်တာ..ကျန်တော်က AB သွေးပါ။ ကျန်တော့စီကယူလိုက်ပါ"

"ဒါဆို သူနာပြု..သူ့ကိုသွေးထုတ်ဖို့ခေါ်သွားပေးပါ"

"ကျန်တော်တို့နဲ့လိုက်ခဲ့ပါ"

chimon ထိုသူနာပြုတွေခေါ်ရာသို့လိုက်လာခဲ့ပြီးနောက် မိမိသွေးအားလိုလိုလားလားထုတ်ဖို့သဘောတူခဲ့လေသည်။

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now