ဒီလို ကြောက်စရာ ကောင်းတဲ့ နဂါးကို ကြည့်ပြီး ယန်ချီတစ်ယောက် စိတ်ထဲကနေ ညည်းညူမိလိုက်တယ်။

ဘာကြောင့်လဲဆိုတော့ ဒီအနက်ရောင် နဂါးဆီကနေ ထုတ်လွှတ်နေတဲ့ စွမ်းအား အရ အနည်းဆုံး အဆင့်ကိုး ရှိတဲ့ နတ်ဆိုးသားရဲတစ်ကောင်မှန်း သိလိုက်တယ်။

❄️❄️❄️❄️❄️

Godly Sword System
Chapter 732 အထူးစွမ်းအား
Translated by Thura

ယန်ချီကတော့ နဂါးနတ်ဘုရားရေကန်အောက်မှာ အစွမ်းထက်တဲ့ နဂါးတစ်ကောင်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မထင်မိပါဘူး။

အဲ့ဒီနဂါးရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေတဲ့ စွမ်းအားအတက်အကျကို ကြည့်ပြီး ယန်ချီက သူ့အနေနဲ့ အဲ့ဒီ နဂါးရဲ့ ပြိုင်ဖက်မဖြစ်နိုင်မှန်း သိလိုက်တယ်။

ဒီအတွက် ယန်ချီလည်း အနည်းငယ် စိုးရိမ်သွားခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ သူဘာဆက်လုပ်ရမလဲဆိုတာ မသိတော့တဲ့အတွက်ပါ။

“လူသား. . .”

အစွမ်းထက်တဲ့ အနက်ရောင်နဂါးက ရုတ်တရက် ဟိန်းဟောက်လိုက်တယ်။

ယန်ချီကတော့ သူ့အရှေ့မှာ ရှိတဲ့ နဂါးကို ကြည့်ပြီး ဘာစကားမှ မပြောပဲ သတိအပြည့်ထားလိုက်ပါတယ်။ သူ့လက်ကိုလည်း နောက်ကျော်မှာ လွယ်ထားတဲ ဓါးလက်ကိုင်ရိုးပေါ် ရောက်နေခဲ့ပြီး အချိန်မရွေးဆွဲထုတ်ဖို့ အသင့်ပြင်ထားလိုက်တယ်။

“လူသား မင်းက ဒီလို နဂါးဘုရင်နဲ့ တိုက်ခိုက်ချင်နေတာလား”

အနက်ရောင်နဂါးက ယန်ချီကို အထင်မြင်သေးစွာ ပြောလိုက်တယ်။

“ဟုတ်တယ်”

ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ အနက်ရောင်နဂါးကို ကြည့်ပြီး အေးစက်စက်ပြောလိုက်တယ်။

သူ့အနေနဲ့ ဒီအနက်ရောင်နဂါးလက်ကနေ ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်ကြောင်း တွေးမိလိုက်တယ်။ သူက ဒီအနက်ရောင်နဂါးရဲ့ ပြိုင်ဖက်မဖြစ်နိုင်ပေမယ့်လည်း သေသည်အထိ တိုက်ခိုက်ဖို့သာ ရှိတော့တယ်လို့ တွေးလိုက်မိတယ်။

“ဟား ဟား ဟား ”

အနက်ရောင်နဂါးကတော့ အရင်တုန်းက ဒီလို စကားမျိုးမကြားဖူးသလို အားပါးတရ ရယ်မောလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now