ယန်လုံဆေးလုံးကို အသုံးပြုပြီးနောက် ယန်ချီတစ်ယောက် နဂါးနတ်ဘုရားရေကန်ထဲကို လျှပ်စီးလို မြန်ဆန်တဲ့ နှုန်းနဲ့ ခုန်ဆင်းသွားခဲ့တယ်။

နဂါးဘုရားကျောင်း သခင်၊ အကြီးအကဲတွေနဲ့ မုရွှယ်အာတို့က ယန်ချီတစ်ယောက် နဂါးနတ်ဘုရားရေကန်ထဲ ခုန်ဆင်းသွားတာကို မြင်တော့ သေဆုံးသွားပြီးလို့ တွေးလိုက်ကြတယ်။

“ဘာကြောင့်လဲ. .။ ဘာကြောင့် သူက ခုန်ဆင်းသွားတာလဲ”

ဒီအချိန်မှာတော့ မုရွှယ်အာရဲ့ မျက်ရည်တွေက မိုးရေတွေအလား တသွင်သွင် စီးကျလာခဲ့ပါပြီ။

ယန်ချီအနေနဲ့ ယန်လုံဆေးလုံးကို အသုံးပြုပြီးနောက် နဂါးနတ်ဘုရားရေကန်ရဲ့ အေးစိမ်မှုက သူ့ကို မည်သည့် ထိခိုက်ဒဏ်ရာမှ မရေစေတော့ပါဘူ။

သူက နဂါးနတ်ဘုရားရေကန်အောက်ခြေကို ကူးခတ်သွားခဲ့တယ်။

အောက်ခြေကို ရောက်တော့ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် မုဆိုးဘုရင်ရဲ့တူ ကို လိုက်လံရှာဖွေလိုက်တယ်။

နဂါးနတ်ဘုရားရေကန်ရဲ့ အောက်ခြေက အလွန် ကျယ်ပြန့်တာကြောင့် ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် မုဆိုးဘုရင်ရဲ့တူကို လိုက်ရှာဖို့ များစွာ အားစိုက်ထုတ်ခဲ့ရတယ်။

ကံကောင်းမှုဆိုတာ အမြဲတမ်း ကိုယ်စီ လာတက်တဲ့ အရာမျိုး မဟုတ်ပါဘူး။

နာရီအနည်းငယ် ရှာဖွေပြီးနောက် နောက်ဆုံးမှာတော့ ယန်ချီက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် မုဆိုးဘုရင်ရဲ့တူကို ရှာဖွေတွေ့ရှိလိုက်တယ်။

ဒါပေမယ့်လည်း ကောင်းကင်က အမြဲတမ်း တရားမျှတပါတယ်။

ယန်ချီက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် မုဆိုးဘုရင်ရဲ့တူကို ဖမ်းယူဖို့အတွက် အရှေ့ကို လှမ်းတက်တဲ့အချိန်မှာ နတ်ဆိုးသားရဲတစ်ကောင် ထွက်ပေါ်လာခဲ့တယ်။၏

အဲ့ဒီ နတ်ဆိုးသားရဲက ဆယ်မီတာကျော် ရှည်တဲ့ နဂါးတစ်ကောင်ပါ။

သူ့ရဲ့ခန္ဓာကိုယ် တစ်ခုလုံး နက်မှောင်နေခဲ့ပြီး သံမဏိကဲ့သို့ မာကျောနေတာကြောင့် ကြောက်စရာ အသွင်ဖြစ်နေခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)जहाँ कहानियाँ रहती हैं। अभी खोजें