မုရွှယ်အာလည်း သူမရဲ့ အရှေ့မှာ ပုံရိပ်ယောင်များစွာ ပေါ်လာခဲ့ပြီး ယန်ချီပျောက်ကွယ်သွားကြောင်း သိလိုက်တယ်။

သူမလည်း ဒီမြင်ကွင်းကို ကြည့်ပြီး ဘာမှ မတက်နိုင်ပဲ စိုးရိမ်မူကြောင့် မျက်နှာ ဖြူလျော့သွားခဲ့တယ်။

သူမကိုယ်တိုင်က ယန်ချီကို တားဆီးဖို့ အစွမ်းမရှိမှန်း သိပါတယ်။

နဂါးဘုရားကျောင်း သခင်နဲ့ အကြီးအကဲတွေကလည်း ပြိုင်ဖက်ကင်းပါရမီရှင်တစ်ယောက် သေဆုံးတော့မယ်ဆိုပြီး တိတ်တဆိတ် ကိုယ်စီ သက်ပြင်းချမိလိုက်တယ်။

မကြာခင်မှာပဲ သူတို့အားလုံး နဂါးနတ်ဘုရားရေကန်ဆီကို ရောက်လာခဲ့တယ်။

ယန်ချီက နဂါးနတ်ဘုရားရေကန်ဘောင်ပေါ်မှာ ရပ်နေခဲ့ပြီး အချိန်မရွေးခုန်ချတော့မှာပါ။

“ယန်ချီ မင်း ဒီလိုလုပ်မယ်လို့ တကယ် တွေးထားပြီးပြီလား”

နဂါးဘုရားကျောင်း သခင်က ယန်ချီကို ကြည့်ပြီး မေးလိုက်တယ်။

ယန်ချီလည်း ပြုံးလိုက်ပြီး ပြောလိုက်တယ်။ “ဒီကိစ္စနဲ့ ပတ်သတ်ပြီ စီနီယာက ဘယ်လို ထင်မိလို့လဲ”

ယန်ချီရဲ့ စကားကို ကြားပြီးနောက် နဂါးဘုရားကျောင်း သခင်နဲ့ အကြီးအကဲတွေအားလုံး အလွန်တရာ နားမလည်နိုင်ဖြစ်သွားခဲ့ရတယ်။

ယန်ချီက ဘာကြောင့် ဒီလောက် တည်ငြိမ်နေမှန်း သူတို့တွေ နားမလည်ခဲ့ကြပါဘူး။၏

“ဖြစ်နိုင်တာက. . .”

“ယန်ချီအနေနဲ့ ဒီအေးစိမ့်မှုကို ခုခံနိုင်တာလား”

ဒါပေမယ့်လည်း နဂါးနတ်ဘုရားရေကန်ရဲ့ အေးစိမ်မှုက မည်သည့် စိတ်ဝိဉာဉ်ပညာရှင်မဆို မခုခံနိုင်ပါဘူး။

သူတို့တွေက ရယ်စရာ ကောင်းလွန်းတဲ့ အတွေးကို တွေးမိတယ်လို့ ခံစားမိပြီး ခေါင်းခါယမ်းမိလိုက်ကြတယ်။

မုရွှယ်အာတစ်ယောက်ကတော့ မျက်လုံးတွေကနေ မျက်ရည်တွေ စီးကျလာခဲ့တယ်။

“ယန်လုံဆေးလုံးကို အသုံြး့ပုခြင်း”

ဒီအချိန်မှာတော့ယန်ချီက ယန်လုံဆေးလုံးကို အသုံးပြုလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now