ဒီမိန်းကလေးရဲ့ စကားက ဘာဖြစ်လို့ ငါ့ကို လှောင်ပြောင်နေသလို ဖြစ်နေတာလဲ။

မလှမ်းမကမ်းမှာ ရှိနေတဲ့ မိန်းမချောလေးလည်း အသည်းအသန် အော်ပြောလိုက်ပါပြီ။
“မုရှောင်ယု…ငါတို့ အိမ်ပြန်ရောက်တဲ့ အခါကျရင် ဆရာ့ကို တိုင်ပြောပြီး မင်းကို တံခါးပိတ်ခိုင်းထားလိုက်မယ်နော်”

ဒါကို ကြားလိုက်ရတော့ မုရှောင်ယုလည်း ချက်ချင်း ရပ်တန့်လိုက်ပြီး မျက်နှာ စူပွစူပွ လုပ်လိုက်ပါပြီ။ သူမ အလွန်စိတ်ညစ်သွားပုံ ရပါတယ်။

“စိတ်မရှိပါနဲ့။ သူမကို ကျွန်မ ကောင်းကောင်း မသင်ထားမိလို့ပါ”

မိန်းမချောလေး အရှေ့လျှောက်လာပြီး ရှောင်ယုကို ဆွဲခေါ်ရင်း အူကြောင်ကြောင်နိုင်စွာ ပြောလိုက်ပါပြီ။

လျှိုပင်းတစ်ယောက် သူမရဲ့ ဂိုဏ်းတူညီမလေး ဒီလောက် ရဲတင်းပြီး လူစိမ်းဆီ ပြေးသွားလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

“ကိစ္စမရှိပါဘူး”
ချင်းကျူလည်း သာမန်ပဲ ခေါင်းကို ခါယမ်းလိုက်ပါပြီ။

“ဟီး ဟီး.. နောက်ထပ် ကောင်ချောလေး တစ်ယောက်ပါလား”

ဒီအချိန်မှာတော့ အထင်သေးစွာ ပြောလိုက်တဲ့ စကားသံတစ်ခု ပေါ်ထွက်လာခဲ့ပါပြီ။

“ကျန်းယန်.. ရှင်လည်း ရောက်လာတယ်လား”
လျှိုပင်း နည်းနည်း အံ့ဩသွားပါတော့တယ်။

အခုပြောလိုက်သူကတော့ ဆေးဖော်စပ်သူ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူတစ်ဦးပါ။ သူ့ဝတ်စုံအထက်မှာ ကြယ်တစ်ပွင့် ရေးထိုးထားတဲ့အတွက် သူဟာ အဆင့်တစ် ဆေးဝါးဖော်သူတစ်ဦးလို့ ပြောနိုင်ပါတယ်။

ကျန်းယန်ဆိုတဲ့ နာမည်ဟာ တရုတ်မှာ လူသိများတဲ့ နာမည်တစ်ခုပါ။ လူငယ်လေးဟာ နာမည်နဲ့ လိုက်ဖက်ပါတယ်။ ဒါပေမဲ့ မျက်နှာမှာတော့ ကျန်းယန်ဆိုပြီး စာရေးထားခြင်း မရှိပါဘူး။

“ဒီစားသောက်ပွဲက အရမ်း အရေးကြီးတယ်လေ။ မဟာကလန်ကြီး ခြောက်ခုက တန်ခိုးရှင်တွေနဲ့လည်း မိတ်ဆွေဖွဲ့ရမယ်။ ဒါကြောင့်လည်း ဆရာက ငါ့ကို ခေါ်လာခဲ့တာပေါ့”

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now