"မားရဲ့ သားလေး ပင်ပန်းရကျိုးနပ်သွားပြီ"
ဟုတ်သည်။ ထယ်ရယ်က ထိုကဲ့သို့သော ဖြစ်ချင်တဋများကို အကုန်အားပေးသလို ရှုံးနိမ့်ရင်တောင် အားပေးသည့် မိဘများကို ပိုင်ဆိုင်ထားသည့် ကောင်လေး။
"ဒါမဲ့ မားတို့နဲ့ ခွဲရမှာ"
"အာဂူး သူပဲ ဆိုးလ်ကို တအားသွားချင်နေပြီးတော့"
"မားကလည်း"
ထိုကဲ့သို့ အကဲပိုနေသည့် သားအမိကို ဖခင်ဖြစ်သူကတော့ ပြုံးကာ ကြည့်နေခဲ့သည်။
ထယ်ရယ်အပေါ်ထပ်ရှိ သူ့အခန်းထဲ ပြန်လာပြီး ကုတင်ပေါ်တွင် လူးလိမ့်ကာ ပျော်နေဆဲ။ ဒီလိုဖြစ်အောင် ဘယ်လောက်ကြိုးစာရခဲ့ရသလဲ သူသေချာသိသည်လေ။
ထို့သို့ လူလိမ့်နေရင်း ထယ်ရယ်သည် တစ်ခုခုအား သတိရသွားဟန်ဖြင့် ထထိုင်လာကာ နှုတ်မှလည်း တစ်ခုခုရေရွတ်လိုက်သည်။
"ဂျောင်ဟျွန်း မင်းကိုတွေ့ဖို့ ငါလာပြီ"
ထိုစကားနောက် တွဲခိုလာသော အပြုံးလေးတွင် ပါးချိုင့်လေးတွေသည်လည်း တွဲကာပါလာခဲ့သည်။
ထယ်ရယ်သည် တစ်စုံတစ်ယောက်ထံသို့လည်း မမေ့မလျော့ စာပို့ဖို့ကို သတိရလိုက်ပါသေးသည်။
✧✧✧✧✧✧✧✧✧✧✧
"အဲ့လို လုပ်လို့ဖြစ်ပါ့မလား"
"မသိဘူးလေ"
"သခင်လေးကလည်း ခေါင်းကမာ ပြောရခက်နဲ့"
"သူဌေးသာသိရင် ဆူတော့မှာပဲ"
မီးဖို့ချောင်အတွင်းတွင် တန်းစီရပ်နေကာ ပန်းကန်များအား ဆေးကြောနေသည့် သူတို့၏ သခင်လေးအားကြည့်ရင်း ရေရွတ်နေကြသည့် အသံများပင်။
"ပန်းကန်တွေက ဒါအကုန်ပဲလား ဆေးဖို့ကျန်တာတွေ ရှိသေးလား"
ဆေးနေသည်များကို လက်စသတ်ပြီး အပြုံးလေး ဆင်မြန်းကာ မေးလာသည့် သူတို့၏ သခင်လေး။
ထိုလူအုပ်များထဲမှ ခေါင်းမာသူလေးကို နားချနိုင်လောက်မည့် သူတစ်ယောက် ထွက်လာကာ သခင်လေးကို တားသည်။
"တော်ပါတော့ ဂျောင်ဟျွန်းလေးရယ် သခင်မကြီးသိရင်လည်း ဦးလေးတို့ပဲ ဆူခံရမှာလေ"