"သားဆုံးဖြတ်ချက်မှန်ကန်ပါတယ် သားသား သားမက်လေးကလဲ သူပါးရဲ့ဖိအားကြောင့် လက်ထပ်ခဲ့တာလေ"

  "ဒါပေမဲ့ မာမီရယ် သား ကျန့်ကောကို စွန့်လွှတ်လိုက်ရတာ ရူးတော့မလားပဲ ။ သား လေ သိပ်ကို ချစ်ခဲ့တာ သားဘက်ကို နည်းနည်းလေးမှ လှည့်မကြည့်ခဲ့ဘူး"

"ဒယ်ဒီကတော့ သားကို ဘာမှအပစ်မပြောလိုဘူးသား ဒယ်ဒီသားလေး ဒယ်ဒီတို့ကြောင့် ပင်ပန်းရပြီ"

ဒယ်ဒီကလှေကား ကနေ ဆင်းလာပြီး စကား စတယ်။

"မဟုတ်တာ ဒယ်ဒီရယ်"

"ဒယ်ဒီတို့ စီးပွားရေးအတွက် နဲ့ ကိုယ်သားသမီးတွေကို အသုံးချမိတယ် "

"ဒယ်ဒီရယ်"

"သားကြီးက ကိုယ်ညီညီရဲ့ ယောင်္ကျားကို အခုလိုလုပ်တာကတော့ လွန်လွန်းတယ်"

  "ဟုတ်တယ် သားကြီးကို မာမီသားငယ်လေးနဲ့ တန်းတူ ဘာလိုချင်လိုချင် အတူတူ ဖြည့်စီးပေးတယ် ဒါကို ကျေးဇူးတရား နားမလည်ဘူးပဲ"

  "မာမီရယ် မပြောပါနဲ့"

"ပြောရမယ် သားသား သူက မွေးစားသား လမ်းမှာ စွန့်ပစ်ထားတဲ့ သူကို မာမီကမွေးစားခဲ့တာ၀မ်းနဲ့ လွယ်မမွေးရပေမဲ့ ကိုယ်သွေးသားအရင်းကို ပြုစု စောင့်ရှောက်တာကို အခုလို ကျေးဇူးဆွတ်တာ "

  "မေရယ် တော်ပါကွာ"

  "ကို ရှင်ဘာသိလို့လဲ အခုမနက်ပဲ အမွေ တောင်းနေတာ သိလား အမွေခွဲပေးပါတဲ့  ကြည့်စမ်း နည်းတဲ့စောက်ရှက်မဟုတ်ဘူး "

"ဟူးးးး"

"မာမီရယ် ပေးလိုက်ပါ "

"သားသား"

"ဟုတ်ပါတယ် မေရယ် ပေးလိုက်ပါ။
ဒီလိုသားမျိုးကို မွေးစားမိတဲ့ ကိုယ်တို့တွေကသာ မှားတာ "

"မာမီသားလေး ဘယ်လိုတွေးထားသလဲ"

"သား ပါးရဲ့လုပ်ငန်းမှာပဲ ၀င်လုပ်မယ်လို့ တွေးထားတယ် မာမီ"

"ကောင်းပါတယ် ဒါနဲ့ သားသား ရဲ့Companyကရော "

"သားရဲ့ Companyကို ကျန့်ကောကို လွှဲပေးခဲ့ပြီ"

"ဟင်းးး ရှေ့လျှောက်မာမီ ရင်လေးသေးတယ် ကွယ်"

-----------

 "အစားထိုးခဲ့ဖူးသည် သို့သော်..." [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝!]Hikayelerin yaşadığı yer. Şimdi keşfedin