“ဟား ဟား.. အိပ်ဖို့ အချိန်ရောက်ပြီပဲ”

ချင်းကျူလည်း အညောင်းဆန့်လိုက်ပြီး AK47ကို အောက်ချလိုက်ပါတော့တယ်။ ပြီးတာနဲ့ သူ့အခန်းထဲ ပြန်ဝင်အိပ်လိုက်ပါပြီ။

သူ့အနေနဲ့ အလုပ်လုပ်နေတာကြောင့် အိပ်ချိန်နောက်ကျပြီး ဆံပင်စောစော ကျွတ်မှာကို မလိုလားပါဘူး။

နောက်ရက်မှာတော့ ရွှမ်းရီတောင်တန်းဂိုဏ်းတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ပါပြီ။

အေးချမ်းတဲ့ နေ့ရက်တွေ ကုန်လွန်သွားချိန်မှာတော့ ကြယ်တာရာဂိတ်ဂိုဏ်းက ငြိမ်နေတော့ပါဘူး။ ရွှမ်းရီတောင်တန်းဂိုဏ်းကို စစ်ကြေညာလိုက်ပါတော့တယ်။

ပိုင်ရီလည်း ပလ္လင်ရဲ့ လက်ရန်းကို လက်ဝါးနဲ့ ရိုက်ချလိုက်ပါပြီ။

၀ုန်း

လက်ဝါးရာကြီးတစ်ခု လက်ရန်းအထက် ပေါ်ထွက်လာပါတော့တယ်။

“ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ”
ပိုင်ရီ အော်ပြောလိုက်ပါပြီ။
“အနက်ရောင် တောအုပ် ကိစ္စနဲ့ ပတ်သက်ပြီးတောင် ငါ့ကို လာမဖြေရှင်းပေးသေးဘူး။ အခု သူတို့က ငါတို့ကို စစ်ကြေညာရဲတယ်လား”

“ဟင်… ဆရာ.. ဒီစစ်ပွဲကို ကျွန်တော်တို့ တိုက်ခိုက်ရမှာလား”
ကျန်းဂျိချန်လည်း လှမ်မေးလိုက်ပါတော့တယ်။

ပိုင်ရီရဲ့ တပည့်ကြီး ဖြစ်တာကြောင့် ကျန်းဂျိချန်ရဲ့ ကျင့်စဉ်ဟာ ဇီဖူအဆင့်ကို ရောက်နေပါပြီ။ သူဟာ ဂိုဏ်းက အကြီးအကဲတွေနဲ့ ရာထူးခြင်း ညီပါတယ်။ ဒါကြောင့် ဒီလို အချိန်မျိုးမှာ ပိုင်ရီအနား ရှိနေခဲ့တာပါ။

ဒါပေမဲ့ ပိုင်ရီဖော်စပ်ထားတဲ့ ဆေးကို မကြာခင်တုန်းက သောက်သုံးပြီး နှစ်ရက် နှစ်ည ဝမ်းပျက်သွားတာကြောင့် အခုအချိန်အထိ အားနည်းနေဆဲပါပဲ။

“ဆရာကော ဘယ်လိုထင်လဲ။ ဒီတိုက်ပွဲကို ကျွန်တော်တို့ လက်ခံသင့်သလား”
၀ူရင်းလည်း မေးမြန်းလိုက်ပါပြီ။

ကျန်းဂျိချန်နဲ့ ယှဉ်လိုက်ရင်  ၀ူရင်းဟာ လဲကျလုမတတ် အခြေအနေ ရောက်နေပါပြီ။ အကြောင်းရင်းကို မသိတဲ့ လူတွေဆိုရင် သူ့ကို တစ်ညလုံး မအိပ်ပဲ အပြာစာအုပ် ဖတ်နေတယ် ထင်သွားမှာပါ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now