ရွှစ်

ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး တောင်အောက်က ကျောက်တုံးကို ထိမှန်သွားခဲ့ပါပြီ။

၀ုန်း

နားကွဲမတတ် ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ မရေမတွက်နိုင်တဲ့ ငှက်တွေ လန့်ဖြန့်ပျံပြေး ကုန်ပါတော့တယ်။ တောင်အောက်က ကျောက်တုံးကြီး တစ်ခုလုံး ပျောက်ကွယ်သွားခဲ့ပြီး ၁၀မီတာ အချင်းဝက်ရှိတဲ့ ချိုင့်ဝှမ်းကြီးလည်း ဖြစ်ပေါ်လာခဲ့ပါပြီ။

ဒါက ကီလိုမီတာ တစ်ထောင်ကျော် အကွာအဝေးက ပစ်မှတ်ပါ။ တကယ်လို့ ကီလိမီတာ တစ်ရာ ဒါမှမဟုတ် ပိုနီးနေမယ်ဆိုရင်…

အစွမ်းထက်တဲ့ ဇီဖူအဆင့် တန်ခိုးရှင်တစ်ဦးရဲ့ အင်အားအပြည့် တိုက်ခိုက်မှုတောင်မှ ဒီစွမ်းရည်ကို မယှဉ်နိုင်တော့ပါဘူး။ ဒါတောင် မှော်သင်္ကေတ ဆယ်ပုံတစ်ပုံပဲ အသက်ဝင်ပါသေးတယ်။ တကယ်လို့သာ အားလုံးအသက်ဝင်လာမယ်ဆိုရင် တိုက်ခိုက်ရေးစွမ်းရည်ဟာ ဝမ်ရှင်းသူတော်စင်အဆင့် တန်ခိုးရှင်ရဲ့ တိုက်ခိုက်မှုထက်တောင် သာလွန်သွားမှာပါ။

“တော်တော်လေး အစွမ်းထက်တာပဲ”
ချင်းကျူ တော်တော်လေး ကျေနပ်သွားခဲ့ပါပြီ။

ဒီအဖျက်စွမ်းရည်ဟာ သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို မယှဉ်နိုင်သေးပေမဲ့လည်း အဆင့်နိမ့် တန်ခိုးရှင်တွေကို ရင်ဆိုင်ဖို့ လုံလောက်နေပါပြီ။ ပြောရရင် ဒီနေရာမှာ အစွမ်းထက်တဲ့ တန်ခိုးရှင် ရှိမနေခဲ့ပါဘူး။

အင်း.. ပြောရရင် ဝိညာဉ်ဗဟို ကမ္ဘာတစ်ခုလုံးမှာ အရမ်းအစွမ်းထက်တဲ့ တန်ခိုးရှင် မရှိသင့်ဘူး မဟုတ်လား။ ဒါကတော့ ချင်းကျူရဲ့ အတွေးပါ။

ဒါ့အပြင်ကို ဒီ AK47 သေနတ်ပြုလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေဟာ သာမန် ပေါပေါလောလော ပစ္စည်းတွေပါပဲ။ သူတို့တွေကို သာမန် လက်နက်သွန်းလောင်းသူတွေဆီ ပို့ပေးလိုက်မယ်ဆိုရင် အမျိုးမျိုးသော စွမ်းရည်မြင့် မှော်သင်္ကေတတွေ ဖြည့်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ဟာ ဒီလောက်အထိ ကြောက်စရာကောင်းလိမ့်မယ် မဟုတ်ပါဘူး။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now