ခွန်းခက်ပိုင်ကတော့ လက်မှ သွေးစအနည်းငယ်ကို ကြည့်ကာ သက်ပြင်းချလိုက်တော့သည်။
"ဆေးတွေလဲ အမြဲသောက်နေတာကိုကွာ"
ခွန်းခက်ပိုင် လက်ကိုသေချာဆေးလိုက်ပြီး
အခန်းထဲဝင်တော့ အိပ်မောကျနေတဲ့ ကောင်လေး။"မိုးတောင်မချုပ်သေးဘူး အိပ်နေပြီဘဲ
ဘယ်လောက်တောင်ပင်ပန်းနေလို့လဲ ကလေးငယ် ကိုယ်တော့ ဘယ်အချိန်ထိ ကလေးနားမှာ ရှိနေပေးနိုင်မလဲမသိဘူး""ကိုကို ကျွန်တော် တောင်းပန်ပါတယ်"
စိုင်းမင်းခ နိုးသွားသည်အထင်နဲ့ ခွန်းခက်ပိုင်
အနည်းငယ်အံသြမိပေမယ့် ထိုကောင်လေးက ထိုစကားသာပြောပြီး တစ်ဖက်လှည့်ကာ အိပ်သွားတော့သည်။ခွန်းခက်ပိုင် နဂိုအတိုင်း စိုင်းမင်းခ နဖူးလေးထက် အနမ်းလေးပေးရင်း လုပ်ရမယ့်ကိစ္စတွေကို လုပ်လိုက်တော့သည်။
!တီ တီ!
ထိုအချိန်ဝင်လာတဲ့ ဖုန်းကြောင့် ခွန်းခက်ပိုင် အမြန်ပိတ်လိုက်ပြီး ဝရံတာဘက် ထွက်လာလိုက်တော့သည်။
"Hello မာမား"
"သားခွန်း မာမားတို့ခုရှမ်းပြည်ရောက်နေတာ
အခု စိုင်းငယ်လေးရဲ့ အဖေနဲ့တွေ့နေတာ""ဗျာ "
ဒေါ်ခွန်းမေစကားအဆုံး ခွန်းခက်ပိုင်က ဗျာတစ်ခွန်းသာ။
"အင်း သူ့အမေကလဲ သားခွန်းကိုနေကောင်းလားမေးနေတယ် အဲ့တုန်းက ကိစ္စကိုမာမားတို့ အကုန်ရှင်းပြထားပြီ စိုင်းသဘောပါတဲ့ သူ့အမေက
စိုင်းလဲအရွယ်ရောက်ပြီဆိုတော့ လက်ထပ်ပွဲလုပ်ချင်ရင်လဲ ခွင့်ပြုပါမယ်တဲ့ သား Suprise တေွဘာတွေနဲ့ သားစိုင်းလေး ဘွဲ့ယူတဲ့နေကြရင် လက်ထပ်ခွင့်တောင်းမလား""ကျွန်တော်....."
"မင်း Daddy အကုန်တာဝန်ယူမယ်တဲ့"
"ကျွန်တော်တို့ တိုင်ပင်လိုက်ပါအုန်းမယ်"
"အေး အေး အဲ့တာဆိုလဲ အေးဆေးဆုံးဖြတ်ကြ"
မာမားစကားကြားတော့ ခွန်းခက်ပိုင် ပျော်မိသည်။ဒါပေမယ့်လဲ ဝမ်းနည်းမှူကနောက်ဆက်တွဲ ပါလာပြန်သည်။
အခန်းထဲမှာ အိပ်နေတဲ့ ကလေးငယ်ကို ကြည့်ရင်း ပိုမိုဝမ်းနည်းမိသည်။
![](https://img.wattpad.com/cover/330777389-288-k479795.jpg)
Part 32 (Uni+Zaw Gyi)
Start from the beginning