ဒီအချိန်မှာပဲ ခန်းမကြီးထဲကနေ တည်ကြည်ခန့်ညားတဲ့ လူကြီးတစ်ဦး အပြင်ကို ထွက်လာခဲ့ပါပြီ။ ချင်းကျူကို မြင်လိုက်ရတော့ သူနည်းနည်း အံ့အားသင့်သွားခဲ့ပါတော့တယ်။

“ဟင်… ဆရာဦးလေး.. ပြန်လာပြီလား”

“ဂျိချန်းပါလား… မင်းက အရင်ကထက် ပိုပြီး အစွမ်းထက်လာပြီပဲ”
ချင်းကျူလည်း တည်ကြည်ခန့်ညားတဲ့ လူကြီးကို သေချာ အကဲခတ်ကြည့်ပြီး ပြောလိုက်ပါတော့တယ်။

“ဆရာဦးလေးက လာနောက်နေပြန်ပြီ။ ဆရာဦးလေးကို မှီဖို့ ကျွန်တော် အများကြီး လိုပါသေးတယ်”
တည်ကြည်ခန့်ညားတဲ့ လူကြီးဂျိချန်က သက်ပြင်းချရင်း ပြန်ဖြေလိုက်ပါပြီ။

“အေး အေး.. ငါ့ကို မှီဖို့တော့ အများကြီး လိုပါသေးတယ်”
ချင်းကျူလည်း ယဉ်ကျေးမနေတော့ပဲ မြန်မြန် စကားဖြတ်လိုက်ပါတော့တယ်။

ဂျိချန်လည်း ဘာပြောလို့ ပြောရမှန်းမသိ ဆွံ့အသွားခဲ့ပါပြီ။

“မင်းဆရာနဲ့ ငါတွေ့မှ ဖြစ်မယ်။ နောက်မှပဲ တွေ့ကြတာပေါ့”
ချင်းကျူလည်း စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းလိုက်ပါပြီ။

“ဟုတ်ကဲ့”

တည်ကြည်ခန့်ညားတဲ့ လူကြီးလည်း မြန်မြန် လမ်းဖယ်ပေးလိုက်ပါတော့တယ်။ ဆရာဦးလေး ဒေါသထွက်လာရင် သူအသက်ပျောက်သွားနိုင်တယ် မဟုတ်လား။ အခုတော့ သူ့ဆရာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရုံမှ တပါး…

ခန်းမကြီးဟာ တော်တော်ကို ကျယ်ပြောပါတယ်။ အထဲကို ဝင်ဝင်ချင်းမှာပဲ နဂါးရုပ်တွေ ထွင်းထုထားတဲ့ ကျောက်စိမ်းတိုင်ကြီးတွေကို တွေ့ရမှာပါ။ ခန်းမ ကြမ်းပြင်ကို တောက်ပြောင်တဲ့ ကျောက်ပြားတွေ ခင်းထားတာကြောင့် ဒီနေရာဟာ အင်မော်တယ်တို့ ပျော်စံရာ နေရာလို့ ပြောရင်လည်း မှားမယ် မဟုတ်ပါဘူး။

“ဂိုဏ်းတူအစ်ကိုကြီး.. ငါပြန်လာပြီ”
ချင်းကျူလည်း အရက်တစ်ငုံမော့သောက်လိုက်ပြီး အော်ပြောလိုက်ပါပြီ။

ခန်းမကြီး အဆုံးတစ်နေရာမှာတော့ သူတော်စင် တစ်ဦးအသွင်ရှိတဲ့ အစွမ်းထက်တဲ့ ဝိညာဉ် အော်ရာအရှိန်အဝါတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးအို တစ်ဦးကို တွေ့ရမှာပါ။ သူကတော့ ချင်းကျူရဲ့ ဂိုဏ်းတူအစ်ကိုကြီး ဖြစ်ပြီး ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးပါပဲ။ သူ့နာမည်က ပိုင်ရီဖြစ်ပြီး ကီလိုမီတာ တစ်ထောင်အတွင်း အစွမ်းအထက်ဆုံး တန်ခိုးရှင်တစ်ဦးဆိုရင်လည်း မမှားပါဘူး။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now