ဖတ်စ်ဖုန်းအားအမြန်ချလိုက်ပြီးစောင်ပုံတွေထဲကထွက်ကာ အနွေးထည်နှင့်ပိုက်ဆံအိတ်အားလိုက်ရီာတော့၏။

"ဘာဖြစ်လိို့လဲ ဖတ်စ်"

"chimon အကိုဆေးရုံတင်ရလို့တဲ့"

"chimon အကိုရှိတယ်?"

"အင်း..မြန်မြန်ထ! ဘန်ကောက်ဆေးရုံကိုသွားမယ်"

ပြောပြီး အခန်းခဲကပြေးထွက်သွားတဲ့ ဖတ်စ်ကြောင့်ဘလ်ပါအသဲအသန်ပြေးလိုက်ရပြန်သည်။

.
.
.
.

"ဘယ်လိုဖြစ်တာလဲ chimon"

"ငါလဲမသိဘူး။ အကိုကအိမ်ပြန်မလာကြာပြီ..မနတ်ကမှငါ့စီဖုန်းဝင်လာလို့ကိုင်လိုက်တော့ ငါ့အကိုကားတိုက်ခံရလို့တဲ့..အခုအရေးပေါ်အခန်းထဲမှာ...အဟင့်"

ရုတ်တရပ်ငိုချလာသည့် chimon ကြောင့်ဖတ်စ်လည်း chimon အားဖတ်ကာကျောပြင်ကိုပွတ်ပေးရင်းချော့နေရသည်။

ခဏအနေမှာ အရေးပေါ်အခန်းတံခါးလည်းပွင့်လာခဲ့ပြီးဆရာဝန်တချို့ထွက်လာတော့၏။

"ဆရာ...ကျန်တော့အကိုအခြေအနေရော"

"အခုတော့အဆင်ပြေသွားပါပြီ။ လူနာကသွေးထွက်တော့လွန်သွားတာမို့အခုလောလောဆယ်မှာအားနည်းနေလိုက်မယ်။ သိပ်မကြာခင်တော့သတိရလာမှာပါ"

"ကျေးဇူးတင်ပါတယ် ဆရာရယ်"

ဆရာဝန်တွေထွက်သွားပြီး ဂျင်ကိုလည်း လူနာတင်ကုတင်နှင့် အရေးပေါ်ခန်းထဲမှခေါ်ထုတ်လာကြ၏။

chimon ကတော့အခုမှအငိုတိတ်ရှာသည်လေ။ ဟုတ်တော့လည်းဟုတ်သား။ chimon မှာငယ်စဥ်တည်းကမိဘတွေကိုဆုံးရုံးထားရတာ၊ အားကိုးအားထားစရာဆိုလို့လည်း ဂျင်တစ်ယောက်ပဲရှိသည်လေ။

"ငါတို့လိုက်သွားရအောင်လေ chimon "

ဘလ်စကားအား ဖတ်စ်လည်းထောက်ခံကာ chimon ကိုခေါ်ပြီး ဂျင်ကိုထားသည့်အခန်းစီသို့ထွက်လာခဲ့ကြ၏။

.
.
.
.

"ဘာလုပ်နေတာလဲကွာ......"

မန်းတစ်ယောက်အခုထိဖုန်းမကိုင်သေးပါသောချစ်ရသည့်သူငယ်ချင်းကြီး အတ်အားစိတ်ထဲမှကျိန်ဆဲနေတော့၏။

The end of the love story (uni/zaw) (perthchimon)Onde histórias criam vida. Descubra agora