လက်တစ်ဖက်က တက်တူးလှလှလေးကို ကြည့်ရင်း နောက်တစ်ဖက်မှာရော ရှိနေဦးမလားဆိုပြီး Jay ကြည့်လိုက်တဲ့ အချိန် မြင်လိုက်ရတဲ့ အကြည်းတန်တဲ့ ပြတ်ရှရာတွေ၊ အမာရွတ်‌တွေ

" ဒီအရာတွေက ဘယ်လိုလုပ် ဘယ်လိုလုပ်ပြီး Hyung ဆီမှာ ရှိနေရတာလဲ "

Jay တကယ် တုန်လှုပ်သွားရပါသည်၊ ဘာလို့ Hyung က ဒီအခြေအနေတွေထိ၊ ဒီဖြစ်ရပ်တွေရဲ့ တရားခံက တာဝန် အပြည့်အဝရှိနေတဲ့သူက

" Hyung ကကျ ဒီလိုမျိုးနေနေရပြီး သူကရော
အဲ့ဒီလူကျ ဘာလို့ ဘာလို့လဲ "

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

လှပပြီး သာယာတဲ့ တောင်ပေါ်တစ်ခုကို ရောက်နေတဲ့ Jay နဲ့ သူ၊ လက်ထဲမှာ Camera ကို ကိုင်ထားပြီး သူ့ကို လိုက်ရိုက်နေတဲ့ Jay

" Hyung ဒီကို ကြည့် ရိုက်တော့မယ်နော် 1 2 3 "

" ဝိုးး ပုံလှလှလေးပဲ နောက်တစ်ပုံ နောက်တစ်ပုံ "

သူ့ကို ပြောရင်းနဲ့ Jayကအနောက်ကို တ‌ဖြေးဖြေး ဆုတ်နေတယ်၊ နောက်ပြန်လှမ်းလျှောက်ပြီးသူ့ကို ဓာတ်ပုံလိုက်ရိုက်နေတဲ့ Jay တောင်အစွန်းနားကို ရောက်နေတာကို မသိ

တ‌ဖြေး‌ဖြေး ခြေလှမ်းတွေကို နောက်ဆုတ်နေတဲ့
Jay၊ ခြေလှမ်း အရေအတွက် တစ်လှမ်း .... နှစ်လှမ်း ..... သုံးလှမ်း မြောက်မှာ

" Jay ထပ်မတိုးနဲ့တော့ အနောက်မှာ "

" Jay ရပ်လိုက်တော့ မြန်မြန်ခြေလှမ်းတွေကို ဆက်တိုးနဲ့တော့ "

Jongwoo သတိပေးဖို့ရာအားယူနေပေမယ့် သူအသားကုန်အော်ဟစ်ပြီးပြောဖို့ရာ ကြိုးစားနေပေမယ့် အသံကလုံးဝထွက်မလာ

" သူ့မျက်စိရှေ့တင်ပဲ Jay က တောင်အောက်ကို "

Jongwoo အသားကုန်အော်လိုက်မိတဲ့အခါမှ သူ့အသံထွက်လာပါသည်၊

" Jay "

MIDNIGHT Where stories live. Discover now